သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ယူကရိန်း 'လက်နက်ချမယ်' ဆိုရင် စကားပြောဖို့အသင့်ဟုမော်စကိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 6.8k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅/၂၀၂၂ (နိုင်ငံတကာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေအိ လက်ဗရော့ဗ် (Sergei Lavrov) က ယူကရိန်းစစ်တပ် လက်နက်ချပါက မော်စကိုသည် ဆွေးနွေးပွဲအတွက် အသင့်ဖြစ်နေပြီဟု သောကြာနေ့တွင် ပြောကြားခဲ့သည်။

ရုရှား အင်အားသုံး ကျူးကျော်မှုသည် တိုင်းပြည်ကို ဖိနှိပ်မှုမှ လွတ်မြောက်ရန် ကြိုးပမ်းခြင်းဟ သူက အခိုင်အမာ ပြောဆိုခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က "ယူကရိန်းပြည်သူတွေဟာ ဖိနှိပ်မှုတွေကနေ လွတ်မြောက်ပြီး သူတို့ရဲ့ အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်စေဖို့အတွက် အထူးစစ်ရေး စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်" ဟု  မော်စကိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆာဂေအိ လက်ဗရော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသားများသည် ၎င်းတို့၏ အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်ဟု မော်စကိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆာဂေအိ လက်ဗရော့ဗ် က ပြောသည်။

သူ၏ မှတ်ချက်သည် မော်စကိုက ယူကရိန်းအာဏာပိုင်များကို ကျူးကျော်ဝင်ရောက်ကာ ဖြုတ်ချရန် ရည်ရွယ်ထားကြောင်း ထင်မြင်စရာဖြစ်စေသည်။

ယူကရိန်းစစ်တပ် လက်နက်ချပါက မော်စကိုသည် ကိယက်ဗ်နှင့် ဆွေးနွေးရန် အသင့်ရှိကြောင်း Lavrov က ပြောကြားခဲ့သည်။

" ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ရဲ့ တောင်းဆိုချက်ကို  အမြန် တုံ့ပြန်ပြီး သူတို့ လက်နက်ချပြီးတာနဲ့ စေ့စပ်ညှိနှိုင်းမှုတွေအတွက် ကျွန်တော်တို့ အဆင်သင့်ရှိပါတယ် " ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့သည်။

ပူတင်၏ စစ်ဆင်ရေး၏ အဓိက ရည်ရွယ်ချက်မှာ စစ်မဲ့ရေး နှင့် နာဇီရှင်းရေး ၎င်းကဆိုသည်။

"ယူကရိန်းကို သိမ်းပိုက်ဖို့ ဘယ်သူမှ မရည်ရွယ်ပါဘူး" ဟု ၎င်းက ပြောသည်။

လူနေရပ်ကွက်များ ပျက်စီးနေကြောင်း ကျယ်ပြန့်သော အထောက်အထားများ ရှိနေသော်လည်း ရုရှားတပ်ဖွဲ့များသည် အရပ်ဘက်အခြေခံအဆောက်အအုံများကို ထိမှန်ခဲ့ကြောင်း ယူကရိန်း၏ပြောဆိုချက်များကို ငြင်းဆိုခဲ့သည်

ရုရှားတပ်ဖွဲ့များသည် မြောက်နှင့်အရှေ့မြောက်ဘက်မှ ကိယက်ဗ်မြို့သို့ ချဉ်းကပ်နေကြောင်း ယူကရိန်းစစ်တပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ကြာသပတေးနေ့အစောပိုင်းတွင် ယူကရိန်းတွင် ကြီးမားသော စစ်ဆင်ရေး တစ်ရပ်ကို စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။

အနောက်နိုင်ငံများက ရုရှားအပေါ် နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုများ တင်းတင်းကျပ်ကျပ် ချမှတ်လာကြသည်ဟု သတင်းတွင် ဖော်ပြသည်။  

 

" If Ukraine 'lays down arms' Russia ready to talk: Moscow" 

ဆက်စပ် သတင်းများ