သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရုရှားကျူးကျော်မှုအတွင်း ကလေးငယ်များအပါအဝင် ယူကရိန်းနိုင်ငံသား ၁၉၈ ဦး သေဆုံးခဲ့ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၆/၂၀၂၂ (နိုင်ငံတကာ)
ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်ဝင်ရောက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် ယူကရိန်းနိုင်ငံသား ၁၉၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲက စနေနေ့တွင် ပြောကြားခဲ့ကသည်ကို ကိုးကားပြီး Interfax သတင်းဌာန သတင်းဖော်ပြသည်။
ဒဏ်ရာရသူ ၁၁၁၅ ဦး အထဲတွင် ကလေး ၃၃ ဦး ပါဝင်ကြောင်း ၎င်း ကျန်းမာရေးဝန်ကြီး အကြီးအကဲက ပြောသည်။
၎င်းသေဆုံးမှုနှင့် ဒဏ်ရာရသူများမှာ စာရင်းမှာ အရပ်သား အသေအပျောက်များကိုသာ ရည်ညွှန်းခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးဟု ၎င်းသတင်းတွင် ဖော်ပြထားသည်။
(ယခု ဖော်ပြသော ဓာတ်ပုံမှာ ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းနိုင်ငံ ခါကိဗ် ( Kharkiv) အပြင်ဘက်တွင် tripod တပ်ဆင်ထားသော ဒုံးကျည်စနစ်ဘေးတွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လုံခြုံရေးယူနေပုံ ဖြစ်ပါသည်။ REUTERS/Maksim Levin)

ဆက်စပ် သတင်းများ