သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ယူကရိန်း- Mariupol မြို့ကို ရုရှားတပ်များ ဝိုင်းရံမှုအတွင်း အရပ်သား ၁,၂၀၇ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ မတ် ၁၀/၂၀၂၂ (နိုင်ငံတကာ)

ယူကရိန်းနိုင်ငံ ဆိပ်ကမ်းမြို့ Mariupol ကို ရုရှားတပ်များက ကိုးရက်ကြာ ဝိုင်းရံထားမှုအတွင်း အရပ်သား စုစုပေါင်း ,၂၀၇ ဦး သေဆုံးခဲ့ကြောင်း ၎င်း၏ ဒေသဆိုင်ရာ အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက Mariupol ဆိပ်ကမ်းမြို့မှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၇ ဦးသေဆုံးသွားခဲ့တယ်လို့ AP က Ukraine: 1,207 civilians dead in Mariupol siege ခေါင်းစဉ်ဖြင့် သတင်းဖော်ပြသည်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း  ၄၀၀,၀၀၀ ကျော်နေထိုင်တဲ့ Mariupol  မြို့ရှိ ကလေးဆေးရုံတစ်ရုံကို ထိမှန်ခဲ့ပြီး ဝန်ထမ်း ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းလုပ်ရပ်ကို ယူကရိန်း  သမ္မတ Volodymyr Zelenskiy က ရှုတ်ချလိုက်ပြီး အိမ်ဖြူတော်ကလည်း  ရက်စက် ကြမ်းကြုတ်မှု အဖြစ် ပြစ်တင် ရှုတ်ချခဲ့သည်။

ရုရှားဝိုင်းရံမှု၏ပထမကိုးရက်တွင် "ငြိမ်းချမ်းသော Mariupol နေထိုင်သူ 1,207 ဦး သေဆုံးခဲ့သည်" ဟု Azov ပင်လယ်ရှိအရှေ့တောင်ပိုင်းမြို့အာဏာပိုင်များက Telegram တွင်ရေးသားခဲ့သည်။

အသေအပျောက်စာရင်းကို အတည်ပြုရန် မေးမြန်းရာတွင် သမ္မတ၏သတင်းထုတ်ပြန်ချက်အရ "ကျွန်တော်တို့မှာ ကိန်းဂဏန်းအတိအကျတော့ မရှိပါဘူး။ ဒါပေမယ့် ပဏာမအနေနဲ့ ဒါအမှန်ပါပဲ" ဟု ဆိုသည်။

Mariupol ဆိပ်ကမ်းမြို့ရှိ လူပေါင်း သန်းဝက်ခန့် မှာ  ကိုးရက်ကြာ အဆက်မပြတ် ပစ်ခတ်မှု ကြုံတွေ့ခဲ့ရပြီး လျှပ်စစ်မီး၊ ရေ အပူနှင့် ဆက်သွယ်ရေးများလည်း ပြတ်တောက်ခဲ့သည်ဟု ြို့အာဏာပိုင်များက ပြောကြားခဲ့သည်။

အနောက်မြောက်ဘက်ရှိ Zaporizhzhia သို့ ရွှေ့ပြောင်းရန် စီစဉ်ထားသော လမ်းကြောင်းကို ဖျက်ဆီးခြင်း မပြုသော်လည်း  ရွှေ့ပြောင်းရန် ကြိုးပမ်းမှု အများအပြားသည် မအောင်မြင်ဘဲ မြို့တော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း မြို့တော်ဝန် Vadym Boichenko ကပြောသည်။

"ဒီနေ့ ငါ့နှလုံးသားက ဒေါသတွေ ပြည့်နှက်နေတယ်" လို့ ပြောဆိုသည့် ီဒီယိုကို ၎င်းက တင်ခဲ့သည်။

ယနေ့  ရုရှားခေါင်းဆောင် သမ္မတ (ဗလာဒီမီယာ) ပူတင် ဦးဆောင်သည့် တပ်ဖွဲ့သည်  ငြိမ်းချမ်းသည့်မြို့ကို လေကြောင်းတိုက်ခိုက်မှုနှင့် ကလေးဆေးရုံကို ပစ်ခတ်ခဲ့သည်ဟု  ၎င်းက ပြောကြားခဲ့သည်

ဗုဒ္ဓဟူးနေ့က သားဖွားဆေးရုံတရုံ ပျက်စီးသွားပြီး၊ အဆောက်အဦး အပျက်အစီးတွေအောက်မှာ ကလေးများ  အပါအဝင် ပိတ်မိနေသူများ ရှိကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky ကပြောဆိုသည်။  

AFP, March 10, 2022 2:35 PM


ဆက်စပ် သတင်းများ