သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်စစ်တကောင်းတွင် ကွန်တိန်နာစင်တာတစ်ခု မီးလောင်မှုဖြစ်ပွားပြီး ၁၆ ဦး သေဆုံးကာ ၄၅၀ ကျော် ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

 

နိရဉ္စရာ၊ ဇွန် ၅/ ၂၀၂၂ (နိုင်ငံတကာ)

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့ရှိ ပုဂ္ဂလိကပြည်တွင်းကွန်တိန်နာစင်တာတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးကာ လူပေါင်း  ၄၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တကောင်းခရိုင် Sitakunda မြို့နယ်ရှိ  Kadamrasul ဧရိယာရှိ (BM Container Depot) ကွန်တိန်နာများထားရှိရာ နေရာတွင် စနေနေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ယခုလို သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများ ရှိခဲ့ခြင်းဖြစ်ကာ သေဆုံးသူ အရေအတွက်မှာ ယခုထက် တိုးလားနိုင်သည်ဟု သတင်းများတွင် ဖော်ပြသည်။

၎င်းသေဆုံးမူကို စစ်တကောင်းမြို့ရှိ ကျန်းမာရေးနှင့် ဝန်ဆောင်မှုဌာန အကြီးအကဲ Istakul Islam က သေဆုံးမှုအား Dhaka Tribune သို့ အတည်ပြုခဲ့သည်ဟုဆိုသည်။

ဒီဖြစ်ရပ်မှာ လူပေါင်း ၄၅၀ ကျော် ဒဏ်ရာရခဲ့ပြီး အနည်းဆုံး လူပေါင်း ၃၅၀ က စစ်တကောင်း ဆေးတက္ကသိုလ် ဆေးရုံမှာရှိနေတယ်။ သေဆုံးသူအရေအတွက်က တခြားဆေးရုံတွေမှာ ပိုဖြစ်နိုင်ပါတယ် ဟု ၎င်းကပြောသည်။

မီးမှာ ကွန်တိန်နာစင်တာတွင်  ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးကူးစက်ခဲ့သည်ဟု ဆိုသည်။

ဓာတုပစ္စည်းများကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ကွန်တိန်နာစင်တာ မီးလောင်သွားကြောင်း ကနဦးတွင် သံသယရှိထားကြောင်း SI Nurul မှ ပြောကြားသည်။

ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ကွန်တိန်နာတစ်ခုမှ ဓာတုပစ္စည်းများ ပါဝင်မှုကြောင့် ကွန်တိန်နာတစ်ခုမှ နောက်တစ်ခုသို့ မီးကူးစက်ခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အိမ်များ၏ ပြတင်းပေါက်မှန်များ ကွဲကြေသွားကာ အနီးနားပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

BM Container Depot ကို ၂၀၁၁ ခုနှစ် မေလကတည်းက စတင်လည်ပတ်ခဲ့သေ ပြည်တွင်းရေကြောင်း ကွန်တိန်နာဒိုင်အဖြစ် တည်ထောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ