- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇွန် ၂၈/၂၀၂၂ (နိုင်ငံတကာ)
၂၀၁၁ ခုနှစ် မတ်လမှစပြီး ဆီးရီးယားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း အရပ်သား ၃၀၆၈၈၇ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက လွန်ခဲ့သည့် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လတွင် သမ္မတ Bashar al-Assad ၏ အုပ်ချုပ်မှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကြောင့် ဆီးရီးယား၏ ပဋိပက္ခသည် စတင် ပေါ်ပေါက်လာခဲ့သည်။
ဆီးရီးယားပဋိပက္ခသည် ကမ္ဘာအင်အားကြီးနိုင်ငံများအကြားဘက်စုံ၊ ကြာရှည်သောပဋိပက္ခအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှေ့တန်းစစ်မျက်နာများတွင် ငြိမ်သက်နေသော်လည်း အကြမ်းဖက်များမှာ ဆက်လက်ဖြစ်ပေါ်နေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ဆီးရီးယားနယ်စပ်တွင် သန်းနှင့်ချီ၍ ရွှေ့ပြောင်းနေထိုင်နေရဆဲဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ Michelle Bachelet က ဤသည်မှာ နောက်ဆုံး ဆန်းစစ်ဖြစ်ပြီး ပဋိပက္ခ၏ပြင်းထန်မှုနှင့် အတိုင်းအတာကို ပိုမိုရှင်းလင်းစွာသိရှိနိုင်စေမည်ဟု ပြောကြားခဲ့သည်။
သေဆုံးသူများမှာ စစ်ပွဲ၏ တိုက်ရိုက်ရလဒ်ကြောင့် သေဆုံးသူများသာဖြစ်ပြီး အဆိုပါ သေဆုံးသူများအထဲတွင် ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့ခြင်း (သို့မဟုတ်) အစားအစာငတ်မွတ်မှု (သို့မဟုတ်) သန့်ရှင်းသော ရေရရှိနိုင်မှုတို့ကြောင့် သေဆုံးသူများ မပါဝင်ဟုဆိုသည်။ ၎င်းပြင် အရပ်သားမဟုတ်သည့် သေဆုံးမှုတွေလည်း မပါဝင်ကြောင်း သိရသည်။
အရပ်သားသေဆုံးမှု၏ အဓိကအကြောင်းအရင်းမှာ တိုက်ပွဲများ၊ ခြုံခိုတိုက်ခိုက်မှုများနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုစသည့် လက်နက်များကြောင့် သေဆုံးရသူ ” (၃၅.၁%) ကြောင့်ဖြစ်သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုတိယသေဆုံးရခြင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂၃.၃%) ဖြစ်သည်။
306,887 Syrian civilians killed in conflict since March 2011, UN says