သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်တွင် ပစ်ခတ်မှုဖြစ်၍ အနည်းဆုံးလူ ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.6k

နိရဉ္စရာ၊ ဇူလိုင် / ၂၀၂၂
ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်ရှိကုန်တိုက်တစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း အနည်းဆုံး လူသုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကိုပင်ဟေဂင်ရဲတပ်ဖွဲ့မှ စစ်ဆေးရေးအရာရှိ Soren Thomassen က တနင်္ဂနွေနေ့က ပစ်ခတ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး လူသတ်မှုဖြင့် တရားစွဲဆို ထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

တိုက်ခိုက်မှုတွင် အခြားမည်သူမျှ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပစ်ခတ်မှုဖြစ်ရသည့် အကြောင်းရင်းကို ခန့်မှန်းရန် စောလွန်းနေသေးကြောင်း ၎င်းက ပြောသည်။

မြို့တော် ကိုပင်ဟေဂင်မှာ ၂၀၂၂ တိုးဒီဖရန့် Tour de France ခရီးရှည် မာရသွန် စက်ဘီးစီးပြိုင်ပွဲ ကို ပြီးခဲ့တဲ့ သောကြာနေ့က စတင်ခဲ့ပြီး အဆင့် ၃ ဆင့် ကျင်းပပြီးနောက် အများပြည်သူ ပျော်ရွှင်ဖွယ်ရက်သတ္တပတ်တစ်ခု၏အချိန်အတွင်း  ခု ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံကို တုန်လှုပ်စေခဲ့သည်။   

၎င်းပွဲကို အားပေးနေကြသည့်  ောင်နှင့်ချီပြီး ဒိန်းမတ်လူမျိုးမှာ   နိုင်ငံတဝှမ်းက လမ်များပေါ်တွင် ပျော်ရွှင်နေကြချိန်ဖြစ်ကြောင်းတနင်္ဂနွေညက တိုက်ခိုက်မှုမှာ  ရက်စက်ကြမ်းကြုတ်သည့်  တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း၊  အများအပြားသေဆုံးခဲ့သလို ဒဏ်ရာရသူပိုများကြောင်း ဒိန်းမတ် ၀န်ကြီးချုပ် Mette Frederiksen က တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

 ကျွန်တို့ရဲ့ လှပပြီး ပုံမှန်အားဖြင့် အရမ်းလုံခြုံတဲ့ မြို့တော်ကို စက္ကန့်ပိုင်းအတွင်းမှာ ပြောင်းလဲသွားတယ်ဒီလို ခက်ခဲတဲ့ကာလမှာ ဒိန်းမတ်လူမျိုးတွေ အတူတကွရပ်တည်ပြီး တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဝန်ကြီးချုပ်ကဆိုသည်။

ပစ်ခတ်မှုမှာ စကန်ဒီနေးဗီးယားရှိ အကြီးဆုံးစျေးဝယ်စင်တာများထဲမှ တစ်ခုဖြစ်သည့် မြို့တော်၏ ကိုပင်ဟေဂင် ဆင်ခြေဖုံးတစ်ခုဖြစ်သော Field's တွင် တနင်္ဂနွေနေ့ မွန်းလွဲပိုင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Denmark: Gunman kills three, wounds many at Copenhagen mall/Aljazeera


ဆက်စပ် သတင်းများ