သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျပန်ကမ်းလွန် ကုန်တင်သင်္ဘော နစ်မြုပ်မှု တရုတ်ခြောက်ဦး နှင့် မြန်မာ နှစ်ဦး သေဆုံး၊ မြန်မာငါးဦးအပါအဝင် ကိုးဦး ပျောက်ဆုံးနေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.1k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၃

 

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန်နိုင်ငံအနီး ကမ်းလွန်ပင်လယ်ပြင်၌ ကုန်သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့ရာ ရှစ်ဦးသေဆုံးပြီး ကိုးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်က အတည်ပြုပြောကြားသည်။

 

သေဆုံးသူ ရှစ်ဦးအနက် ခြောက်ဦးမှာတရုတ်နိုင်ငံသားများ ဖြစ်ပြီး နှစ်ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်ဟု သိရှိရသည်။

 

ဟောင်ကောင်အလံတင် “ ဂျင်ရှန်း” ကုန်တင်သင်္ဘောသည် သင်္ဘောသား (၂၂)ဦးနှင့်အတူ ဒန်ဂျိုကျွန်းအနောက်ဘက် ၆၈ မိုင် အကွာ၊ အရှေ့တရုတ်ပင်လယ်ပြင်အတွင်း ခုတ်မောင်း နေစဉ် အင်္ဂါနေ့ညဉ့်နက်ပိုင်းက အရေးပေါ်အချက်ပြမှုများ ပြုလုပ်ခဲ့သည်။ 

 

တရုတ်နိုင်ငံသား (၁၄)ဦး နှင့် မြန်မာနိုင်ငံသား ()ဦး တို့သည် ဂျင်ရှန်းကုန်သင်္ဘောပေါ်မှ အသက်ကယ်လှေဖြင့် ထွက်ပြေးလာခဲ့ကြသော်လည်း ပင်လယ်ပြင်မှာ မုန်တိုင်းကြမ်းနေသည့်အတွက် ကယ်ဆယ်ရေး ပြုလုပ်ရန် အခက်တွေ့ခဲသည်ဟု ဆိုသည် 

 

ဗုဒ္ဓဟူးနေ့တွင် သင်္ဘောသား (၁၃)ဦးကို ကယ်တင်ရရှိကြောင်း၊ ထို ၁၃ ဦးအထဲက  ငါးဦးကို အနီးကဖြတ်သွားသော သင်္ဘောတစ်စီးကလည်းကောင်း၊ နှစ်ဦးကို ဂျပန်လေတပ်ရဟတ်ယာဉ် တစ်စီးနှင့် ခြောက်ဦးကို တောင်ကိုးရီးယား ရေတပ်ရဲများကကယ်တင်ပေးခဲ့သည်။


သို့သော် ကယ်ဆယ်ရရှိသူများအနက် ရှစ်ဦးမှာ နာဂါဆာကီ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်က ပြောသည်။ 

 ပျောက်ဆုံးနေသော ကိုးဦးကို ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ကမ်းခြေစောင့်တပ်က ဆိုသည်။

 

ဂျင်ရှန်း ကုန်သင်္ဘောသည် ဒီဇင်ဘာလဆန်းက မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းမှ တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းသို့ ထွက်ခွါလာစဉ် ဂျပန်ကမ်းလွန်အနီး ခုကဲ့သို့ နစ်မြုပ်သွားခြင်း ဖြစ်သည်။


NN27,

Photo:CNN 

ဆက်စပ် သတင်းများ