သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျေရုဆလင် ဂျူးဘုရားကျောင်း ပစ်ခတ်မှု လူ ခုနှစ်ဦး သေဆုံး၊ သုံးဦးထက်မနည်း ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၃ (နိုင်ငံတကာ)

 

အရှေ့ဂျေရုဆလင်ရှိ ဂျူးဘုရားရှိခိုးကျောင်းတစ်ခုတွင် သောကြာနေ့ညက ပစ်ခတ်မှုတစ်ခုဖြစ်ပွါးခဲ့ရာ လူခုနှစ်ဦးသေဆုံးပြီး သုံးဦးထက် နည်းဒဏ်ရာ ရရှိသွားခဲ့သည်။ ခုကဲ့သို့ လူအများ သေဆုံးသည့် ပစ်ခတ်မှုမျိုးမှာ နှစ်များစွာအတွင်း ပထမဦးဆုံး ဖြစ်သည်။ 

 

ဂျေရုဆလင်မြို့ နီဗီယာကော့ဗ် င်ခြေဖုံးရပ်ကွက်တွင်  :၁၅နာရီ အချိန် ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားကို ဖမ်းဆီးနိုင်ခဲ့သည်ဟု အစ္စရေး ရဲများကဆိုသည်။

 

ဒေသခံမီဒီယာများက ပစ်ခတ်သူအကြမ်းဖက်သမားမှာ အရှေ့ဂျေရုဆလင် မှ ပါလက်စတိုင်းအမျိုးသားတစ်ဦးဟု ဖော်ပြကြသည်။

 

အခင်းဖြစ်ပွါးရာနေရာသို့ရောက်ရှိလာသော အစ္စရေး ရဲမင်းကြီး ကိုဘီ ရှက်ဘ်တိုင်းက “ မကြာသေးခင် နှစ်တွေအတွင်း ကြုံတွေ့ရတဲ့ အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခုပါပဲဟု ပြောကြားခဲ့သည်။

 

ဂျူးအခြေစိုက်ရပ်ကွက်အတွင်းရှိ ဘုရားရှိခိုးကျောင်းတွင် အစ္စရေးလူမျိုးဝတ်ပြုဆုတောင်းသူများ ဝတ်ပြုအပြီး ပြန်အထွက်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်

 

အစ္စရေးရဲများက အကြမ်းဖက်သမားကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့သည်။ 

 

ပါလက်စတိုင်းစစ်သွေးကြွများက တိုက်ခိုက်မှုကို ချီးကျူးလိုက်သော်လည်း မည်သူ့လက်ချက်ဟု ထုတ်ဖော်ခြင်းမပြုပေ။ ယခု တိုက်ခိုက်မှုအပေါ် အနောက်ဘက်ကမ်း နှင့် ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းများက အောင်ပွဲခံကြသည်။

 

ပစ်ခတ်မှုမှာ ဂျာမနီတွင် ဂျူးလူမျိုး ()သန်းအား နာဇီ ဟစ်တလာက သုတ်သင်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ “(Holocaust Memorial Day) တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှု ဖြစ်ပွါးပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် အခင်းဖြစ်ပွါးရာ နေရာသို့ သွားရောက်ကြည့်ရှုခဲ့သည်။ 

 

အနောက်ဘက်ကမ်းဂျီနင်ကို အစ္စရေးတပ်များက ဝင်ရောက်စီးနင်းစဉ် ပါလက်စတိုင် စစ်သွေးကြွနှင့် အရပ်သားကိုးဦး သေဆုံးခဲ့ချိန်မှစ၍ အစ္စရေး နှင့် ပါလက်စတိုင်းကြား တင်းမာမှုများ ပြန်လည်မြင့်တက်နေသည်။

 

အစ္စရေးတို့သည် ၁၉၆၇ခုနှစ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲ ကတည်းက အရှေ့ဂျေရုဆလင် ကို သိမ်းပိုက်ထားပြီ ဂျေရုဆလင် တစ်မြို့လုံးကို အစ္စရေး မြို့တော်အဖြစ်သတ်မှတ်ထားခဲ့သည်။ ထိုသို့ သတ်မှတ်ထားသည်ကို ပါလက်စတိုင်းတို့က လက်မခံဘဲ တစ်ချိန် လွတ်လပ်ရေးရလျှင် ပါလက်စတိုင်းမြို့တော်အဖြစ် သတ်မှတ်မည်ဟု မျှော်လင့်ထားသည်။

 

ref:bbc 

ပုံစာ-ပစ်ခတ်မှုဖြစ်ပွါးရာသို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု လာရောက်စစ်ဆေး ကြည့်ရှုနေစဉ်။

ဆက်စပ် သတင်းများ