သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အီရန် စစ်ဘက်အဆောက်အအုံများဒရုန်းများဖြင့်တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.1k

ဇန်နဝါရီ ၃၀/၂၀၂၃ (နိင်ငံတကာ)

 

ပြီးခဲ့သည့် စနေနေ့က အီရန်နိုင်ငံ အစ်ဖာဟန်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

သို့သော်လည်း ၎င်းဒရုန်းများကို ဟန့်တားဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ 

 

တိုက်ခိုက်မှုတွင် ဒရုန်း သုံးစင်းပါဝင်ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ဒရုန်းတစ်စင်းကို လေကြောင်း ကာကွယ်ရေးစနစ်က ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နှစ်စင်းကို ကာကွယ်ရေး ထောင်ချောက်က ဖမ်းဆီးခဲ့နိုင်ခဲ့သည်ဟုဆိုသည်။ စစ်ဘက် အဆောက်အအုံမှာ အနည်းငယ်သာ ပျက်စီးသွားခဲ့သည်ဟု အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

 

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အဗ္ဗဒိုလာဟင်က ယခုတိုက်ခိုက်မှုမှာ အီရန် နိုင်ငံကို မငြိမ်မသက် ဖြစ်အောင် သူရဲဘောကြောင်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ အီရန်၏ ငြိမ်းချမ်းသော နျူးကလီးယားအစီအစဉ်များ ထိခိုက်မှုရှိမှာမဟုတ်ကြောင်း ပြောကြားခဲ့သည်။ 

 

ပင်တာဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပကထရစ် ရိုင်ဒါက ယခုတိုက်ခိုက်မှုမှာ အမေရိကန်စစ်တပ်နှင့်ပတ်သက်မှု မရှိဟု ဆိုသော်လည်း အမည်မဖော်လိုသူ အမေရိကန်စစ်ဘက်အရာရှိ တစ်ဦးကမူ ယခုတိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံပါဝင် ပတ်သက်မှုရှိနေသည်ဟု ဆိုသည်။ 

 

ရုရှား-ယူကရိန်း စစ်ပွဲတွင် အီရန်ကရုရှားသို့လက်နက်များ ကူညီထောက်ပံ့နေမှုနှင့် အီရန်၏ နျူးကလီးယား အစီအအစဉ်များကြောင့် တင်းမာမှုများ အရှိန်မြင့်တက်နေစဉ် ယခုကဲသို့ တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ 

 

အီရန်သတင်းဌာ၏ အဆိုအရ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှုမှာ စနေနေ့ည ၁၁:၃၀နာရီတွင် ဖြစ်ပွားခဲ့ပြီးတိုက်ခိုက်ခံရသောနေရာကို အတိအကျဖော်ပြမထားဘဲ "အလုပ်ရုံ"ဟုသာဖော်ပြသည်။

 

 IRNA သတင်းအေဂျင်စီကမူ "လက်နက်ထုတ်လုပ်ရေးစက်ရုံ"ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ 

 

အစ်ဖာဟန်ပြည်နယ်သည် အီရန်နိုင်ငံ အကြီးမားဆုံး လေတပ်အခြေစိုက်စခန်းနှင့် နျူးကလီးယား စခန်းအများအပြားတည်ရှိရာ ပြည်နယ်ဖြစ်သည်။ 

Ref:bbc 

 

ဆက်စပ် သတင်းများ