သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မလေးရှားနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာစွန်လွှတ်ပွဲတော်တွင် နိုင်ငံနှင့် ဒေသ ၄၀ ကျော်က စွန်ဝါသနာရှင် ၁၀၀ ကျော် ပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/ ၂၀၂၃

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၃ နှစ်ခန့်ရပ်နားထားခဲ့ရတဲ့ ၂၅ ကြိမ်မြောက် နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်ကနေ ၂၆ ရက်နေ့ထိ (၅) ရက်တိုင်တိုင် မလေးရှားနိုင်ငံမှာ ကျင်းပခဲ့သည်။

၎င်းစွန်လွှတ်ပွဲတော်ကို နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ စွန်လွှတ်ဝါသနာရှင် ၁၀၀ ကျော် ပါဝင် ဆင်နွှဲခဲ့သည်ဟု သိရသည်။

၅ ကြိမ်မြောက် Pasir Gudang နိုင်ငံတကာစွန်လွှတ်ပွဲတော်ကို  မလေးရှားနိုင်ငံတောင်ပိုင်း Johor ပြည်နယ် Pasir Gudang မြို့ တွင် ကျင်းပခဲ့သည်။

ကောင်းကင်ထက်တွင် ကြီးမားပြီး လှပတဲ့ စွန်ဒီဇိုင်းအမျိုးမျိုးဖြင့် ပြန်လည်ပြည့်နှက်နေခဲ့ကြောင်း သိရသည်။

စွန်လွှတ်ပွဲတော်တွင် ဖျော်ဖြေတင်ဆက်မှုများ ၊ ပြပွဲများ နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပါရှိသည့် အဆိုပါပွဲတော်သို့ အများပြည်သူများက အခမဲ့ ဝင်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စွန်လွှတ်ပွဲကို ကျင်းပရခြင်းမှာ မလေးရှား လှပသော စွန်တွေအကြောင်း ပိုမိုသိရှိနားလည်လာစေရန် ရည်မှန်းထားပါကြောင်း  The star  တွင် သတင်းဖော်ပြသည်။

စံချိန်တင်ကြိုးစားမှုအပြင် ဧည့်သည်များသည် ငါးရက်ကြာကျင်းပသည့် Pasir Gudang ကောင်းကင်ယံတွင် ပုံသဏ္ဍာန်မျိုးစုံနှင့် အရွယ်အစားအမျိုးမျိုးရှိသော ရောင်စုံနှင့် မျက်စိကျစရာစွန်များကို မြင်တွေ့ခဲ့ကြရကြောင်း ၎င်းသတင်းက ဆိုသည်။

 

Ref: Xinhua and The star

ဆက်စပ် သတင်းများ