သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင့်မှုကာလအတွင်း အမေရိကန် စစ်သားတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.2k

နိရဉ္စရာ၊ မတ် /၂၀၂၃ (နိုင်ငံတကာ)

ထိုင်းနိုင်ငံတွင် ထိုင်းနှင့် အမေရိကန်တို့ ဦးဆောင်ပြီးအကြီးမားဆုံး ရွှေမြွေဟောက်(Cobra Gold) စစ်ရေးလေ့ကျင့်မှု ကာလအတွင်း အမေရိကန် စစ်သားတစ်ဦး သေဆုံးသွားသည်ဟု သိရသည်။ 

ဘန်ကောက် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ  ဗိုလ်မှူး အင်ဒရူးကော့တာ ဆိုသူကို ရေချိုးခန်းအတွင်း သတိလစ်လျှက်တွေ့ရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု ဆိုသည်။ 

အမေရိကန်ပြည်ထောင်စု ကန်ဆက်စ်ပြည်နယ်ဇာတိ  အင်ဒရူးကော့တာသည် အမှတ်(၁၇) မြေပြင်အမြောက်တပ်၏ စစ်ဆင်ရေးအရာရှိဖြစ်သည်။ 

သေဆုံးမှုမှာ သွေးရိုးသားရိုးသာဖြစ်ပြီး အခြားအကြောင်းရင်း မရှိဟု သိရသည်။  

လောဘူရီရှိ အမှတ်(၃၁)ခြေလျင်တပ်တွင် စခန်းချနေစဉ် ရေချိုးခန်းအတွင်း ချော်လဲပြီး ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။

အခြားဖြစ်ရပ်တစ်ခုတွင် ချွန်ဘူရီပြည်နယ်၊ ဆတ်တာဟစ်ခရိုင် ကမ်းခြေ၌  ကမ်းတက်စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် တောင်ကိုးရီးယားစစ်သားတစ်ဦး တွင်းပေါက်တစ်ခုထဲပြုတ်ကျ၍ ခြေထောက်နှင့် လက်ကျိုးသွား သဖြင့်ဆေးရုံတင်ပို့လိုက်ရသည် 

ရွှေမြွေဟောက်စစ်ဆင်ရေး(Cobra Gold 2023)မှာ အာရှကုန်းမြေပေါ်တွင် ပြုလုပ်သော အကြီးမားဆုံး နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုတစ်ခု ဖြစ်ပြီး နိုင်ငံပေါင်း (၃၀)မှ စစ်သည်စုစုပေါင်း (၇၃၉၄ပါဝင်သည်။ 

ထိုအထဲတွင် အမေရိကန် စစ်သည်(၆၀၀)ပါဝင်ပြီး မတ်လ(၁၀)ရက်နေ့အထိ နှစ်ပတ်ကြာပြုလုပ်မည်ဟု သိရသည်။ 

 ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ခြင်း မရှိဟု သိရသည်။ 

ref:BKpost 

ဆက်စပ် သတင်းများ