သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အင်ဒိုနီးရှားတွင် လူပေါင်း (၁၃၅)ဦးသေဆုံးခဲ့ရသည့် ဘောလုံးကွင်း လူအုပ်ပြိုကျမှု၌ တာဝန်ရှိသော အရာရှိတစ်ဦးအား ထောင်ဒဏ်တစ်နှစ်ခွဲပြစ်ဒဏ်ချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

နိရဉ္စရာ၊ မတ်/၂၀၂၃ (နိုင်ငံတကာ)

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရှေ့ဂျာဗားပြည်နယ်၊ မာလန်းတွင် ကျင်းပပြုလုပ်ခဲ့သော အင်ဒိုနီးရှားလိဂ် ဘောလုံးပြိုင်ပွဲတွင် ပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲများက သေနတ်ပစ်ဖောကလူစုခွဲရာမှ ထွက်ပြေးကြစဉ် လူအုပ်ပြိုကျပြီး တစ်ဦးပေါ်တစ်ဦး တက်နင်းမိကြရာ လူပေါင်း(၁၃၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ 

အဆိုပါဖြစ်ရပ်တွင် အဓိက တာဝန်ရှိသော ပြိုင်ပွဲကျင်းပရေးအရာရှိတစ်ဦးအား အင်ဒိုနီးရှား တရားရုံးတစ်ခုက ယနေ့(မတ်လ-၉ရက်)တွင် ထောင်ဒဏ်တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။ 

အေရီမာ အက်ဖ်စီ ဘောလုံးအသင်း နှင့် ပါဆီဘာယာ ဆူရာဘာယာ ဘောလုံးအသင်းတို့ ပွဲ အပြီးတွင် ဖြစ်ပေါ်ခဲ့သော ပရိသတ်ရုန်းရင်းဆန်ခတ်မှုကြောင့် ရဲများက မျက်ရည်ယိုဗုံးပစ်ခတ် လူစုခွဲစဉ် ထွက်ပြေးသော လူအုပ်ပြိုကျပြီး ကမ္ဘာပေါ်တွင် လူအသေအပျောက် အများဆုံး ဘောလုံးကွင်း ရုန်းရင်းဆန်ခတ်မှု ဖြစ်ခဲ့ရသည်။ 

 

လူအမြောက်အများ သေဆုံး၊ ဒဏ်ရာရစေသည်အထိ တာဝန်လစ်ဟင်း ပေါ့ဆခဲ့သည့် ပြစ်မှုဖြင့် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ အဗ္ဗဒူဟာရစ်ကို ထောင်ဒဏ်တစ်နှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု ဆူရာဘာယာတရားရုံးမှ တရားသူကြီးက ပြောကြားခဲ့သည် 

 

အလားတူ လုံခြုံရေးအရာရှိ ဆူကိုဆူထရစ်နို ကိုလည်း တာဝန်ပေါ့ဆမှုဖြင့် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

 

နှစ်ဦးစလုံး အေရီမာ အက်ဖ်စီ ဘောလုံးအသင်းမှ တာဝန်ရှိသူများဖြစ် နှစ်ဦးစလုံးအား ဘောလုံးနှင့် ပတ်သက်သည့် မည်သည့်လှုပ်ရှားမှုတွင်မဆို တစ်သက်တာ မပါဝင်ရဟုလည် ပိတ်ပင်လိုက်သည်။ 

 

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင် စုံစမ်းတွေ့ရှိချက်အရ လူအုပ်ပြိုကျရသည့် အဓိကအကြောင်းရင်းမှာ ရဲများက လူအုပ်အတွင်းသို့ မျက်ရည်ယိုဗုံး ၄၅ ကြိမ်ပစ်ခတ်ခဲ့၍ ဟု ဆိုသည်။ ဖီဖာသည် ဘောလုံးကွင်းရုန်းရင်းဆန်ခတ်မှုများတွင် မျက်ရည်ယိုဗုံး ပစ်ခတ်ခြင်းမပြုရန် တားမြစ်ထားသည်။ စုံစမ်းတွေ့ရှိချက်အရအဆိုပါ ဖြစ်ရပ်ဖြစ်ပွားစဉ် ဘောလုံးကွင်းထဲတွင် ရိသတ် မတန်တဆ ရောက်ရှိနေခဲ့သည်ဟုဆို၏။ 

 

(ပုံစာယမန်နှစ်၊ အောက်တိုဘာလက အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာဘောလုံးကွင်းတွင်  ပရိသတ်ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားနေစဉ်)

NN-27 

Ref:cna 

 

ဆက်စပ် သတင်းများ