သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရှီကျင်းပင်အား တရုတ်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်က ထပ်မံရွေးချယ်တင်မြှောက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.7k

(တတိယ ငါးနှစ်သက်တမ်း သမ္မတတာဝန်ဆက်လက်ထမ်းဆောင်မည်)

 

နိရဉ္စရာ၊ မတ် ၁၀၂၀၂၃ (နိုင်ငံတကာ)

 

ကျင်းပလျှက်ရှိသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ လွှတ်တော်အစည်းအဝေးက လက်ရှိသမ္မတ ရှီကျင်းပင်အား တတိယ ငါးနှစ် သမ္မတတာဝန်ထမ်းဆောင်ရန် မတ်လ(၁၀)ရက်နေ့ အစည်းအဝေးတွင် တစ်ညီတညွတ်တည်း မဲပေးရွေးချယ် လိုက်သည်ဟု သိရှိရသည်။ 

 

အစည်းအဝေး ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ထိပ်တန်းရာထူးများကို ပါတီကိုယ်စားလှယ်များက မဲပေး ရွေးချယ်နေကြသည်။ 

 

တရုတ်ပြည်သူ့ခန်းမဆောင်ကြီးအတွင်း သောကြာနေ့က ကျင်းသောလွှတ်တော်အစည်းအဝေးမှာ ကြိုတင်ဇာတ်တိုက်ထားပြီးဖြစ်သော အခမ်းအနားတစ်ခုသာဖြစ်သည်။ 

 

၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော ပါတီညီလာခံက ငါးနှစ် သမ္မတသက်တမ်းနှစ်ကြိမ် သတ်မှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ရာ ရှီကျင်းပင်အတွက် တတိယသက်တမ်းတာဝန်ထမ်းဆောင်ရန် လမ်းပွင့်သွားခဲ့သည်။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကျင်းပခဲ့သော ပါတီကွန်ဂရက်က အသက်(၆၉)နှစ်ရှိပြီ ဖြစ်သော ရှီကျင်းပင်အား ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တတိယအကြိမ် ရွေးချယ်ခဲ့ပြီး ဖြစ်သည်။ 

 

တရုတ်နိုင်ငံတွင် နိုင်ငံခေါင်းဆောင်ပိုင်း ရာထူးအပြောင်းအလဲများကို ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံတွင် ထုတ်ဖော်ကြေညာလေ့ရှိသည်။

 

သို့သော် နိုင်ငံတော်ကောင်စီအဆင့်ှင့်အစိုးရအဖွဲ့ တာဝန်များကိုမူ အမျိုးသားပြည်သူ့ ကွန်ဂရက် (National People Congress) သို့မဟုတ် လွှတ်တော်ကသာ ရွေးချယ်တင်မြှောက်သည်။

 

လာမည့် စနေနေ့တွင် ဆက်လက်ကျင်းပမည့် အစည်းအဝေးက လီကျင်းအား တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ်ရွေးချယ်မည်ဟု ဆိုသည်။

 

NN-27

ref:CNA 

ဆက်စပ် သတင်းများ