သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျာမနီနိုင်ငံ ခရစ်ယာန်ဘုရားကျောင်းပစ်ခတ်မှု၊ သံသယရှိ သေနတ်သမားအပါအဝင် စုစုပေါင်း(၈)ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဉ္စရာ၊ မတ် ၁၀/၂၀၂၃ (နိုင်ငံတကာ)

 

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သေနတ်သမားတစ်ဦးက ဝတ်ပြုဆုတောင်းနေသော လူအုပ်စုအတွင်းသို့ ပစ်ခတ်မှုပြုလုပ်ခဲ့ရာ ပစ်ခတ်သော သေနတ်သမားအပါအဝင် စုစုပေါင်း(၈)ဦးသေဆုံးသွားကြောင်း ဂျာမန်ရဲများက ပြောကြားသည်။

 

ကြာသပတေးနေ့က ဖြစ်ပွါးခဲ့သော ပစ်ခတ်မှုတွင် ဒဏ်ရာရရှိသူအများအပြားလည်းရှိခဲ့သည်။ ဟမ်းဘတ်မြို့ Kingdom Hall အဆောက်အဦးအတွင်းရှိ Jehovah’s Witnesses ခရစ်ယာန်ဘာသာရေးစင်တာတွင် အသင်းဝင်များ ဝတ်ပြုနေကြစဉ် သေနတ်သမားက ဝင်လာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်။

 

လူ ရှစ်ယောက် ဒဏ်ရာအပြင်းအထန်ရပြီးသေတယ်။ ဒီအထဲမှာ သေနတ်သမားလည်းပါတယ်ဟမ်းဘတ်မြို့ ရဲက ထုတ်ပြန်ကြေညာသည်။ ဂျာမန်အဓိပတိ အိုလက်ဖ် စခို့လ်က အလွန်ယုတ်မာသောအကြမ်းဖက်လုပ်ရပ်ဟု ပြစ်တင်ရှုတ်ချခဲ့ပြီး ဂျမနီ ယေဟိုးဝါ အသင်းက မိမိတို့အသင်းသားများအတွက် အလွန်ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

 

ဟမ်းဘတ် ရဲများက မည်သည့်အတွက်ကြောင့် ပစ်ခတ်သည်ကို မသိရှိရသေးဟုဆိုသည်။ခုချိန်ထိ ခိုင်လုံတဲ့ သတင်းအချက်အလက် မရရှိသေးပါဘူးဟု ရဲများကဆိုသည်။

 

ဂျာမန်အပတ်စဉ်သတင်း Der Spiegel က ပစ်ခတ်သူမှာ ယေဟိုဝါ ခရစ်ယာန်အသင်းဝင်တစ်ဦးဖြစ်ပြီး အသက်၃၀-၄၀ ခန့်ရှိသည့် သေနတ်ကိုင်ထားသော လူငယ်တစ်ဦးဖြစ်သည်ဟု ရေးသားထားသည်။

NN-27

ref:AFP

ဆက်စပ် သတင်းများ