- Web Master
- ၁၆ စက်တင်ဘာ ၂၀၂၄
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် (၁၄) ဦးသည် အသက်ချမ်းသာရရန် တိုက်ပွဲကြားထဲမှ လက်နက်များနှင့် အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်ဟု ဘင်္ဂလာမီဒီယာများတွင် ဓာတ်ပုံနှင့်တကွ ရေးသား ဖော်ပြကြသည်။
ယနေ့ နံနက် ၁၀ နာရီခန့်က မြန်မာနယ်ခြားစောင့်တပ် (BGP) အဖွဲ့ဝင် ၁၄ ဦးသည် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဖြတ်ကျော်ဝင်ရောက်ကာ ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်( AA) က တောင်ပြိုမြို့ နယ်ခြားစောင်စခန်းကို ဝင်တိုက်ခိုက်ရာမှ ထွက်ပြေးလာကြသူများဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြကြသည်။
မြန်ဘက်ခြမ်းမှ သေနတ်သံများကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့ရသည်ဟု ဒေသအတွင်းက အိုကီးယားနယူးစ်တွင် ဖော်ပြသည်။