- Web Master
- ၁၆ စက်တင်ဘာ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တလျှောက် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ကန့်ကွက်ရန် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ဆင့်ခေါ်ခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mia Mohammad Mainul Kabir မှ နိုင်ငံတော် ဧည့်ရိပ်သာတွင် စစ်ကောင်စီ မြန်မာသံအမတ်အားတွေ့ဆုံပြီး ကန့်ကွက်လွှာကို ပေးအပ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် တောင်ပြိုတွင် မော်တာကျည်ဆန်များ ကျရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် အမျိုးသမီးတစ်ဦးနှင့် မြန်မာမွတ်ဆလင် ဒုက္ခသည်အမျိုးသားတစ်ဦးတို့ တနင်္လာနေ့က သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်ရပ်အပြီးတွင် မြန်မာသံအမတ်ကို ခေါ်ယူကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင် အခြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အများအပြားလည်း မော်တာကျည်ဆန်များ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများအရ မြန်မာနိုင်ငံမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) အဖွဲ့ဝင် ဦး ၂၆၄ ဦး အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ထွက်ပြေးခိုလှုံရန် ရောက်ရှိနေသည်ဟု သိရသည်။
သူတို့ကို ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်က မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးနေကြောင်း သိရသည်။ (NN-30) Ref: Dhaka Tribune