သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်း ညဉ့်အချိန်မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၂၀၀ ကျော်မီးလောင်၊ လူအထိအခိုက်မရှိဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.1k


နိရဥ္စရာ ၊မေ ၉/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအနီးရှိ မဟာမုနိ စစ်ဘေးရှောင်စခန်း ယနေ့ နံနက် အစောကြီးညဉ့်အချိန်တွင် မီးလောင်မှုဖြစ်၍ အနည်းဆုံး လူနေအိမ် ၂၀၀ ကျော် မီးထဲပါသွားသည် သတင်းရရှိသည်။
ယနေ့ မေလ ၉ ရက် ညဉ့်အချိန် နံနက် ၁ နာရီကျော်အချိန်မှစတင်ကာ ၃ နာရီ ခန့်အထိ မီးလောင်ကျွမ်းခဲ့ကြောင်း၊ စခန်းအတွင်းရှိ အိမ် ၂၀၀ ကျော်၊ ၃၀၀ ခန့် လောင်ကျွမ်းသွားခဲ့ကြောင်း၊ လူတစ်ဦးတစ်ယောက်မျှ တစုံတရာ ထိခိုက်မှု မရှိကြောင်း စခန်းတွင်နေထိုင်သည့် ပြိုင်းတိုင်းကျေးရွာမှ ဦးစိန်ကျော်အေးက နိရဥ္စရာသတင်းဌာနကို ပြောသည်။
"အိမ်ခြေ ၂၀၀ ကျော်လောက်တော့ ပါမယ်ထင်တယ်။ အတိအကျတော့ မသိရသေးဘူး။ ညဘက်ကြီးဖြစ်နေတော့ ဘာပစ္စည်းမှကို မသိမ်းလိုက်ရဘူး။ အကုန်လုံး မီးထဲ ပါကုန်တယ်။ လူထိခိုက်မှုတော့မရှိဘူး"ဟု ပြောသည်။
မီးလောင်မှုမှာ ဖယောင်းတိုင်ထွန်းထားရာမှ တဆင့် ကူးစက် လောင်ကျွမ်းခြင်းဟု သိရကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် မီးလောင်ကျွမ်းပျက်စီးမှုစာရင်းကို စိစစ်နေဆဲဖြစ်၍ အတိအကျကို မသိရသေးဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၇၀ ကျော်၊ လူဦးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ ( NN-7)
(ဓာတ်ပုံ- Kyaw Hla Mrint Facebook)

ဆက်စပ် သတင်းများ