- Web Master
- ၂၃ မေ ၂၀၂၄
နိရဥ္စရာ၊ ဇန်နဝါရီ ၁၇/၂ဝ၂၃
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆင်ကြီးပြင် (မှုဆလင်) ကျေးရွာတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်၍ နေအိမ် ၃ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီလ
၁၆ ရက်၊ ည ၈ နာရီခန့်တွင် ဆင်ကြီးပြင်ကျေးရွာမှ ဒူဒုရာ (၂၈ နှစ်)၏ နေအိမ်မီးဖိုရှိ
မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြ
“မီးသတ်ကားတွေကတော့ အလှမ်းဝေးတဲ့အတွက် အချိန်မီရောက်မလာနိုင်ခဲ့ဘူး။ ကျနော်တို့ ဒေသခံတွေက ဝိုင်းဝန်းမီးငြိမ်းနေတုန်း နောက်မှ မီးသတ်ကားတွေရောက်လာတယ်။ နေအိမ်ကတော့ ၃ လုံး ပျက်စီးသွားပါတယ်”ဟု ပြောသည်။
မီးလောင်မှုဖြစ်ခဲ့သည့် ဆင်ကြီးပြင်ကျေးရွာသည် မင်းပြားမြို့မှ ၃ မိုင် ၆ ဖာလုံခန့်ဝေးသည်ဟု သိရသည်။
မီးလောင်မှုကို
ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်
မီးလောင်မှုကြောင့် ကျပ်သိန်း ၆ဝ ဖိုး ဆုံးရှုံးသွားသည်ဟုလည်း မီးသတ်ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုများမရှိခဲ့သော်လည်း လူ စုစုပေါင်း(၁၈)ဦး မီးဘေးဒုက္ခသည် ဖြစ်သွားခဲ့ရပြီး သူတို့သည် နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ယာယီ နေထိုင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။