သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ ဖမ်းဆီးခံထားရသူ ၈ ဦးကို အကြမ်းဖက်ပုဒ်များဖြင့်အမှုဖွင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၇ / ၂ဝ၂ဝ

ဖမ်းဆီးခံထားရသည့် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာသား ၇ ဦးနှင့် စိုင်ခြုံဒိန်ကျေးရွာသား ၁ ဦးတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ဖမ်းဆီး အမှုဖွင့် ခံထားရသူများမှာ ကပ်သပြေကျေးရွာမှ ကိုလှမောင်သန်း၊ ကိုမောင်ငယ်၊ ကိုမောင်လှမြင့်၊ ကိုစံလှမောင်၊ ကိုအောင်တင်ချေ၊ ကိုကွန်ကျားအောင်၊ ကိုလှနုအောင်(ခ) ဝါကြီးနှင့်စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူး မောင်လှမြင့်တို့ဖြစ်ကြသည်။

တပ်မတော်က ၎င်းတို့ ရှစ်ဦးကို ၅ဝ (က) (စျ)၊ ၅၂ (က)  တို့ဖြင့်အမှုဖွင့်ထားကြောင်း ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောသည်။

“တပ်မတော်က တရားလိုလုပ်ပြီးစွဲထားတာပါ။ အခုက အမှုဖွင့်တာဘဲရှိသေးတယ် ” ဟု ၎င်းက ပြောသည်။

ဇွန်လ ၂၆ ရက်နေ့ ည၈ နာရီခန့်က ကင်းလှည့်လာသော တပ်မတော် စစ်ကြောင်း တစ်ခုက ကပ်သပြေကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၄ ရက်နေ့က ၂ ဦးကို လွှတ်ပေးခဲ့ကာ ကျန်လူများကို  စိုင်ခြုံဒွိန်ကျေးရွာသားတစ်ဦးနှင့် အတူ ကျောက်ဖြူရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။ 

ဆက်လက်ထိန်းသိမ်းခံရသူ ကပ်သပြေကျေးရွာသား ၇ ဦးနှင့် အကြမ်းဖက်မှုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

အမှုဖွင့်ခံထားရသူ ကပ်သပြေကျေးရွာသားများမှာ အသက် ၂ဝ နှင့် ၂၅ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြပြီး စိုင်ခြုံဒွိန်ရွာ ရာအိမ်မှူး  ဦးမောင်လှမြင့်မှာ အသက် ၅၅ နှစ် ဝန်းကျင်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ