တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တက္ကသိုလ်၊ ကောလိပ်များ၏ ဘွဲ့သင်တန်းတချို့ကို ဇန်နဝါရီ ၆ရက်တွင် စတင်ဖွင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉/ ၂၀၂၁
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၏ ဘွဲ့သင်တန်း အသီးသီးကို လာမည့် ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဟု နစကပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများမှာ ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမ နှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမနှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) တို့ဖြစ်ကြသည်ဟု ဖော်ပြသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်နှင့် (၂၀၂၁-၂၀၂၂)ပညာသင်နှစ်များအတွက် ဖြစ်သည်ဟု သိရပါသည်။

ဆက်စပ် သတင်းများ