သောကြာ၊ အောက်တိုဘာလ ၁၈ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်း မော်လူးမြို့ကို ABSDF နှင့်တပ်ပေါင်းစုမှ သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

စစ်ကိုင်းတိုင်း အင်တော်မြို့နယ် မော်လူးမြို့အား ABSDF အမှတ်(၁) စစ်ကြောင်း ၊ KIA ၊ PDF ပကဖများ ပလဖများ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုမှ ဒီဇင်ဘာလ ၁၃ရက်နေ့ မနက် ၂နာရီ ဝန်းကျင်မှစ၍တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအချိန် ၄နာရီ ဝန်းကျင် ကြာခဲ့ပြီး နံနက် ၆နာရီဝန်းကျင်မှာ မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိ အနေအထားအရ သိမ်းဆည်းမှုများကို စီစစ်နေပြီး စစ်ကောင်စီမှ လေကြောင်းကနေ လာရောက်ပစ်ခတ်နေသည်ဟု သတင်းရရှိသည်။

 

ဆက်စပ် သတင်းများ