သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ မေလ ၂/ ၂၀၂၃

 

ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းရိုင်ခရိုင်ထဲကို  ခိုးဝင်လာသည့် တရားမဝင်မြန်မာနိုင်ငံသား ၂၇ ဦးကို ထိုင်းဒေသအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း (Thai) သတင်းဌာန၏ ဖော်ပြချက် သတင်းအရ သိရှိရသည်။

 

မေလ ၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ချင်းရိုင်ခရိုင် ချင်းဆဲန် မြို့ထဲသို့ အရှိန်ပြင်းပြင်းဖြင့်  မောင်းနှင်လာသည့် ပစ်ကပ်ကားအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မသင်္ကာ စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား၂၇ ဦးကို ဖမ်းဆီးမိခြင်းဖြစ်သည်ဟုဆိုသည်။  

 

ဖမ်းဆီးခံရသည့်အထဲတွင် မြန်မာအမျိုးသမီး ၉ ဦး အပါအဝင် (၂၇)ဦးဖြစ်ကြောင်း၊  ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးက သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊  ယာဉ်မောင်းကိုလည်း ၎င်းတို့နှင့် အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

 

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် လမ်းကြောင်း များမှ ခိုးဝင်လာကြခြင်းဖြစ်ကြောင်း နယ်ခြားစောင့်ရဲ အမှတ် ၃၂၇ ဒု - ရဲမှူးကြီး Ananawat Rattanawichai က ပြောဆိုထားသည်။

 

ထိုင်းဥပဒေအရ ဖမ်းဆီးရမိသူများအား တရားဝင်ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာမှုနှင့် အမှုဖွင့်ထားလိုက်ပြီး ထိုင်းာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသားများအား ကူညီမှုဖြင့် သက်ဆိုင်ရာက အမှုဖွင့် တရားစွဲဆိုထားလိုက်ပြီ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး ကျပ်အတည်းများကြောင့် ပုံစံအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြပြီး ၎င်းအထဲတွင် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်ကိုင်ကြသူကအများဆုံးဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးသူများထံမှ သိရှိရသည်။

 

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်မှုကြောင့် မြန်မာရွေ့ပြောင်း အလုပ်သမားများသည့် နေ့စဉ်နှင့် အမျှ ဖမ်းဆီးခံနေကြရသည်။

 

 (NN – 25) Ref : MaesaiPress ဓာတ်ပုံ - ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၂၇ ဦးနှင့် ထိုင်းလူမျိုး ယာဉ်မောင်း (၁)ဦး (MaesaiPress )

ဆက်စပ် သတင်းများ