- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဥ္စရာ၊ သြဂုတ် ၂၉/၂ဝ၂ဝ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်လအတွင်း ရေကြီးမှုကြောင့် လူ ၂၅၁ ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာန၊ အမျိုးသားကျန်းမာရေးအကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရေလွှမ်းမိုးမှုဒဏ်ကို ခရိုင် ၃၃ ခုတွင် ခံခဲ့ရပြီး လူပေါင်း ၂၅၁ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
သေဆုံးသူစုစုပေါင်း ၂၅၁ အနက် ၂၁ဝ မှာ ရေနစ်သေဆုံးခဲ့ဖြစ်သည်ဟု အစီရင်ခံစာအရသိရသည်။
အခြားသူများအနက် ၁၃ ယောက်မှာမိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ပြီး ၂၅ ဦး သည်မြွေကိုက်ခံရ၍ သေဆုံးခဲ့သည်ဟု ဆိုသည်။ တစ်ဦးမှာ ဝမ်းလျှောခြင်းနှင့် နှစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
အစီရင်ခံစာအရလူ ၅၇,၃ဝ၁ ဦး သည်ဝမ်းရောဂါ၊ အရေပြားရောဂါ၊ မျက်စိရောင်ခြင်းတို့ခံစားရပြီး အများစုသည် ဝမ်းလျှောရောဂါခံစားခဲ့ရသည်ဟုဆိုသည်။
ယခုနှစ်တွင် ခရိုင် ၃၁ ခု၊ မြို့နယ် ၁၅ဝ မှ လူပေါင်း ၅ သန်း ကျော်သည် ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရကြောင်း National Disaster Response Coordination Centre ၏နောက်ဆုံးအစီရင်ခံစာအရ သိရသည်။