သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တိုကျိုတွင် ဂျိုကာကဲ့သို့ ဝတ်ဆင်ထားသူတစ်ဦး ကျည်ဆန်ရထားပေါ်တွင် ဓါတ်ဆီလောင်း၍ မီးတင်ရှို့ရန် ကြိုးပမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ၊ နိုဝင်ဘာ /  ၂၀၂၁ (Htay Oung/နိုင်ငံတကာ)

ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား ခေါ် မြန်နှုန်းမြင့် မီးရထားပေါ်၌ မီးလောင်လွယ်သည့် အရည်များကို ပက်ဖြန်းပြီး မီးတင်ရှို့ရန် ကြိုးစားသော အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးလိုက်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

တနင်္လာနေ့ နံနက်ပိုင်း အခင်းဖြစ်ပွားချိန်၌ ၄င်းရထားတွဲပေါ်၌ မီးရှို့သူနှင့်အတူ ခရီးသည် ၃၀ ခန့် လိုက်ပါလာခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ရထားတွဲစောင့်က မီးငြှိမ်းသတ်နေစဉ် တွဲပေါ်ပါ အခြားသူအားလုံးမှာ ဘေးကင်းစွာ လွတ်မြောက်သွားခဲ့သည်ဆို၏။
အရေးပေါ်ရပ်တန့်ရန် တားဆီးပြီး ရထားပေါ်တက်ရောက်လာခဲ့သည့် ၆၉ နှစ်အရွယ် မီးတင်ရှို့သူကို ရဲများက ဖမ်းဆီးနိုင်ခဲ့သည်။ ခုခံခြင်း မပြုပဲ အသာတကြည်ဖမ်းဆီးခံခဲ့သည့် ကျူးလွန်ကြောင်း သံသယရှိသူသည် လွန်ခဲ့သည့်လ၌ တိုကျိုမြို မြေအောက်ရထားတစ်စင်းပေါ်တွင် ဟဲလိုးဝင်းဓားနှင့် တိုက်ခိုက်၍ မီးတင်ရှို့သူကို ပအတုခိုးခြင်း ဖြစ်ကြောင်း အာဏာပိုင်များက နောက်ပိုင်း၌ ပြောဆိုသည်။
ထိုစဉ်က အသက် ၂၄-နှစ်အရွယ်ရှိသူသည် လင်းနို့လူသားရုပ်ရှင်နှင့် ကာတွန်းများတွင် ပါဝင်သည့် ဂျိုကာ ကဲ့သို့ ဝတ်ဆင်ထားပြီး ၄င်းလက်ချက်ဖြင့် ခရီးသည် ၁၇ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။
တနင်္လာနေ့တွင် အဆိုပါအဖြစ်အပျက်ကြောင့် ရထားပြေးဆွဲမှုမှာ မိနစ် ၅၀ အထိ နှောင့်နှေးခဲ့ရကြောင်း သိရှိရသည်။
လောလောဆယ်လများအတွင်း ဂျပန်နိုင်ငံတွင် အလားတူ တိုက်ခိုက်မှုအချို့ကို မြင်တွေခဲ့ရသည်။ မကြာသေးမီ အောက်တိုဘာလလယ်ပိုင်းခန့်တွင် တိုကျိုမြို့ရှိ ရထားဘူတာရုံတစ်ခု၌ အမျိုးသားတစ်ဦးက အခြားခရီးသည် နှစ်ဦးကို ဓားဖြင့် ထိုးခဲ့သည်။ ယခုနှစ် ဩဂုတ်လအတွင်း ဂျပန်နိုင်ငံမြို့တော်တွင် ခရီးသည်တင်ရထားတစ်စီး ပေါ်၌ စိတ်လွတ်လက်လွတ်ဖြစ်နေသူ တွဲစောင့်က ဓားဖြင့်ထိုးခြင်းကြောင့် လူကိုးဦး ဒဏ်ရာရရှိခဲ့သည်။
လွန်ခဲ့သည့် အောက်တိုဘာ ၃၁-ရက်နေ့ညတွင် နိုင်ငံတကာ၌ အလုပ်အများဆုံး ရထား ဘူတာတစ်ခုဖြစ်သည့် ရှင်ဂျုကုသို့ ဦးတည်ခုတ်မောင်းနေသည့် ရထားတစ်စင်းပေါ်တွင် ဟဲလိုးဝင်း ဂျိုကာကဲ့သို့ ဝတ်ဆင်ထားသည့် အသက် ၂၄ နှစ်အရွယ်ရှိသူက လူ ၁၇ ဦးကို ဓားဖြင့်ထိုးခဲ့သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခဲ့ရသည်။
ဓါးိုးခံရသူ ၁၇ ဦးအနက် သုံးဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်ခဲ့သည်။
သံသယရှိသူသည် လူသတ်မှု ကျူးလွန်ပြီး သေဒဏ်ချမှတ်ခြင်းကို ခံယူလိုသည်ဟု ရဲတပ်ဖွဲ့ကို ပြောကြားခဲ့ကြောင်း၊ ၄င်းမတိုင်မီ လွန်ခဲ့သည့် ရက်သတ္တ ၂-ပတ်ခန့်က တိုကျိုမြို့ ယူအီနိုဘူတာရုံတွင် လူနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သော အသက် ၄၅ နှစ်အရွယ်အမျိုးသားနှင့် ပတ်သက်ပြီး ဉာဏ်ကွန့်မြူးမိခဲ့ခြင်းဖြစ်ကြောင်း နိပွန်ရုပ်မြင်သံကြားကို ကိုးကား၍ အေပီသတင်းဌာနက ရေးသားခဲ့သည်။
၄င်းသည် ရထားတွဲ၏ အစိတ်အပိုင်းများကို မီးလောင်လွယ်သော အရည်များဖြင့် ပက်ဖြန်း၍ မီးရှို့ခဲ့ကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ဂျပန်အစိုးရပိုင် NHK သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

(Russia Today., 8 Nov 2021, “ ‘Joker’ strikes AGAIN: Man tries to set high-speed train on fire.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

ဆက်စပ် သတင်းများ