သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အာဖရိက ဆီယာရာလီယွန် ရေနံတင်သင်္ဘော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၄၄ ဦးအထိ တိုးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၄/၂၀၂၁

ဆီယာရာလီယွန်မြို့တော်တွင် နိုဝင်ဘာ ၅ ရက်က လောင်စာဆီတင်သင်္ဘော ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေသည် ၁၄၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့တွင် ဖော်ပြသည်။

ယင်းအရေအတွက်မှာ ယခင်ခန့်မှန်းချက် ၁၁၅ ဦးထက် ပိုတိုးလာသော အရေအတွက် ဖြစ်သည်။

ဖရီးတောင်းမြို့ ဆင်ခြေဖုံးအနီးတွင်  တိုက်မိပြီးနောက် ရေနံတင်သင်္ဘော ပေါက်ကွဲခဲ့သည်။ ဒဏ်ရာရသူများ အထဲတွင် ပေါက်ပြဲနေသော သင်္ဘောမှ ယိုစိမ့်ထွက်နေသော လောင်စာဆီများကို လာယူစုဆောင်းူများ ပါဝင်သည်ဟုဆိုသည်။

လူငါးဆယ့်ခုနစ်ဦးကို ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ပြီး ၁၁ ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း ဝန်ကြီးဌာနက ပြောသည်။


(Deaths from Sierra Leone tanker blast rise to 144/ Reuters)




ဆက်စပ် သတင်းများ