သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယစစ်ဦးစီးချုပ်နှင့်ဇနီးအပါဝင် ၁၃ ဦး ရဟတ်ယာဉ်ပျက်ကျ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

နိရဉ္စရာ၊ ဒီဇင်ဘာ ၈/၂၀၂၁ ( နိုင်ငံတကာ)
အိန္ဒိယ စစ်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝါ့ ( Bipin Rawat) နှင် သူ့ဇနီး မဒူလီကာရာဝါ့ (Madhulika Rawat) အပါအဝင် လူ ၁၃ ဦး ယနေ့ ဒီဇင်ဘာ ၈ ရက် ရဟတ်ယာဥ်ပျက်ကျမှုမှာ သေဆုံသွားခဲ့ကြောင်း Times of India က “ IAF Helicopter Crash Live Updates: CDS Gen Bipin Rawat, his wife, 11 others killed in chopper crash in Tamil Nadu's Coonoor” ခေါင်းစဉ် ဖြင့် သတင်းဖော်ပြသည်။
၎င်းရဟတ်ယာဥ် တမီလ်နာဒူး ပြည်နယ်မှာ ပျက်ကျသွားကြောင်း သတင်းတွင် ဖော်ပြသည်။
ရဟတ်ယာဉ်ပေါ်တွင် အိန္ဒိယ စစ်တပ်၏ စစ်ဦးစီးချုပ်နှင့် မိသားစုများ အပါအဝင် စုစုပေါင်း လူ ၁၄ ယောက် လိုက်ပါလာပြီး ၁၃ ဦးသေဆုံးသည်ဟု ဆိုသည်။
ရဟတ်ယာဉ်သည် မြူဆိုင်းနေသော အခြေအနေတွင် ပျက်ကျသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
၎င်းရဟတ်ယာဥ်သည် ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်က IAF ဆူလားလ် တပ်အခြေစိုက် စခန်းမှ ဝယ်လ်တန်မြို့ စစ်တက္ကသိုလ်သို့ သွားရောက်ရန် ဦးတည်ပျံသန်းစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ရာဝါ့တ်သည် အိန္ဒိယ စစ်တပ်၏ စစ်ဦးစီးချုပ်ရာထူးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီက ၎င်းရာထူး နေရာ၌ ပထဆုံး ခန့်အပ်ထား ခံရသည့် အိန္ဒိယစစ်ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။

ဆက်စပ် သတင်းများ