သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မာဒါဂက်စကာနိုင်ငံသင်္ဘောတိမ်းမှောက်မှု သေဆုံးသူ ၆၄ဦးအထိမြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၂/၂၀၂၁ (နိုင်ငံတကာ)

မာဒါဂက်စကာ နိုင်ငံတွင် တနင်္လာနေ့ (ဒီဇင်ဘာ ၂၀) နှောင်းပိုင်းက သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူ ၆၄ ဦးအထိ မြင့်တက်လာခဲ့သည်ဟု Reuters သတင်းဖော်ပြသည်။

ူပေါင်း ၁၃၈ ဦး လိုက်ပါသွားခဲ့သည် ကုန်တင်သင်္ဘောသည် မာဒါဂက်စကာ ကျွန်းနိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်တွင် တိမ်းမှောက်ခဲ့သည်ဟု ဆိုသည်။

အသက်ရှင်ကျန်ရစ်သူ ငါးဆယ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း  ပျောက်ဆုံးခရီးသည် ၂၄ ဦးကို ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း ရေကြောင်းနှင့် မြစ်ဆိပ်ကမ်းအေဂျင်စီက ပြောကြားခဲ့သည်။

လူများကို သယ်ယူခွင့်မပြုသော ၎င်းကုန်တင်သင်္ဘောသည် ဝန်ပို တင်ဆောင်ပြီး အင်ဂျင်ထဲ ရေများပြည့်လျှံသွားခဲ့ကြောင်း ရေကြောင်းနှင့်မြစ်ဆိပ်ကမ်းအေဂျင်စီ (APMF) မှ ပင်လယ်ပြင် ဆိုင်ရာ ဒါရိုက်တာ Mamy Randrianavony ကပြောသည်။

မဒါဂတ်စကားသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အာဖိရကတိုက်၏ အရှေ့တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာတွင်းတွင် တည်ရှိသည်။ နိုင်ငံအတွင်း မာဒါဂက်စကာကျွန်း ပါဝင်ပြီး ထိုကျွန်းမှာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးကျွန်းဖြစ်ကာ ၅၈၇,၀၀၀ စတုရန်း ကီလိုမီတာ (၂၂၇,၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ထိုကျွန်းသာမက အခြားသော ကျွန်းငယ်လေးများ မြောက်များစွာ ပါဝင်ပြီး ထိုကျွန်းများတွင် အကြီးဆုံးမှာ နိုဆီဘီ နှင့် နိုဆီဘိုဟာရာ ကျွန်းတို့ ဖြစ်ကြသည်။

မာဒါဂက်စကာ နိုင်ငံတွင် လူဦးရေ ၂၈,၄၂၇,၃၂၈ ဖြစ်ပြီး ပြင်သစ်ထံမှ ၁၉၆၀ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်ဟုသိရသည်။

 

ဆက်စပ် သတင်းများ