သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အိန္ဒိယနိုင်ငံ မင်္ဂလာဆောင်တစ်ခုတွင် ရေတွင်းထဲကိုပြုတ်ကျ၍ အမျိုသမီးနှင့် မိန်းခလေငယ် ၁၃ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၇/ ၂၀၂၂ (နိုင်ငံတကာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် လက်ထပ်ပွဲကျင်းပနေစဉ်အတွင်း ရေတွင်းတစ်ခုထဲကို  မတော်တဆပြုတ်ကျမှုကြောင့် အမျိုးသမီးနှင့် မိန်းကလေး ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

သေဆုံးသူများသည်  ရေတွင်းကို ဖုံးအုပ်ထားတဲ့ သံပြားပေါ်တွင် ဖေဖော်ဝါရီ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) က ထိုင်နေကြစဉ် ရေတွင်းထဲကို ပြုတ်ကျခဲ့သည်ဟု အကြီးတန်းရဲအရာရှိ Akhil Kumar က Uttar Pradesh ပြည်နယ် Kushinagar မှာ သတင်းထောက်တွေကို ပြောသည်။

ရေတွင်းဟောင်းကို ဖုံးအပ်ထားသည့် သံပြားအဖုံးသည်  ထိုင်နေသူများ၏ အလေးချိန်ကို မခံနိုင်ဟုဆိုသည်။ခရိုင်တရားသူကြီး S Rajalingam က ရေတွင်းသည် ဟောင်းနေပြီး အဖုံးပေါ်တွင် ထိုင်နေသူများ၏ အလေးချိန်ကို ခံနိုင်ရာမှ ပြုတ်ကျခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

သေဆုံးသူတွေ ပြုတ်ကျပြီး အပျက်အစီးတွေအောက်မှာ ကြေမွသွားခဲ့ပါတယ်ဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

အမျိုးသမီးများနှင့် ကလေးငယ်များသည် သူတို့ရွာတွင်  ထိမ်းမြှားလက်ထပ်ပွဲကျင်းပရာသို့  စုရုံးရောက်ရှိလာကြစဉ် အဆိုပါ ကြေကွဲဖွယ်ရာဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ယခုမတော်တဆမှုမှာ စိတ်နှလုံးကြေကွဲစရာဖြစ်သည်ဟု ပြောဆိုသည်။

အိန္ဒိယမင်္ဂလာဆောင်ပွဲများသည် ဧည့်သည်အများအပြားနှင့် ရက်အတော်ကြာကျင်းပသည့် ခမ်းနားထည်ဝါသော အခမ်းအနားများနှင့်အတူ ကျင်းပကြသည်။

၂၀၁၇  ခုနှစ်တွင် အိန္ဒိယ အနောက်မြောက်ပိုင်း Rajasthan ပြည်နယ်တွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် နံရံ ပြိုကျရာမျ မင်္ဂလာပွဲတက်ရောက်လာသူ  ၂၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

"13 killed after falling down well during wedding in India"

ဆက်စပ် သတင်းများ