သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရုရှားသမ္မပူတင်က ယူကရိန်းမှာစစ်ရေးအရ စစ်ဆင်ရေး ကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄/၂၀၂၂ (နိုင်ငံတကာ)

 

ရုရှားသမ္မတက ယူကရိန်းစစ်တပ်ကို မိန့်ခွန်းပြောပြီး စစ်သားတွေကို လက်နက်ချဖို့ တောင်းဆို လိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းကို စစ်ဆင်ရေးစတင်ကြောင်း ကြေညာပြီးနောက် ယူကရိန်းသမ္မတ ဇလန်းစကီး သည်  ဆိုရှယ်လူမှုကွန်ယက်စာမျက်နာတွင်  ဗီဒီယိုမက်ဆေ့ချ် တစ်ခုကို တင်ခဲ့ပြီး နိုင်ငံအနှံ့ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ကြောင်း၊  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဖြင့် စကားပြောခဲ့ကြောင်း အဆိုပါ မက်ဆေ့ချ်တွင် ထည့်သွင်းပြောကြားထားသည်။

ယူကရိန်းသမ္မတ ဇလန်းစကီး (Volodymyr Zelenskiy) က ရုရှားသည် ၎င်း၏ နိုင်ငံ၏ "စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများ" နှင့် နယ်ခြားစောင့်တပ်များကို တိုက်ခိုက်နေသည်ဟု ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး  နိုင်ငံသားများအား ထိတ်လန့်ခြင်းမရှိဘဲ အောင်ပွဲခံရန် တိုက်တွန်းခဲ့သည်။

ယူကရိန်းကို ရုရှားက တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး နေတိုး သံတမန်တွေ ဒီနေ့ မနက်မှာ အရေးပေါ် အစည်းအဝေး ကျင်းပမယ်လို့ မဟာမိတ် အရာရှိတဦးက အေအက်ဖ်ပီကို ပြောကြောင်း သတင်းကဆိုသည်။

"NAC (သံတမန်များကောင်စီ) ကို  ယနေ့နံနက် (ကြာသပတေးနေ့) အရေးပေါ်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်" ဟု နေတိုးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များ ကြား ထိတွေ့တိုက်ခိုက်မှုများမှာ  အချိန်အတိုင်းအတာတစ်ခုအတွင်း ရှောင်လွှဲမရ ဖြစ်လာနိုင်သည်ဟု  ရုရှားသမ္မတ ပူတင်က ပြောခဲ့ပြီး မကြာခင်တွင်  ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ရုရှားသမ္မတ ပူတင် စစ်ဆင်ရေး ကြေညာပြီး မိနစ် ၃၀ ဝန်းကျင်အတွင်း ပေါက်ကွဲသံများ ကြားရကြောင်း အရှေ့ပိုင်း မာရူပိုမြို့တွင်လည်း ပေါက်ကွဲသံများ ကြားရသည်ဟု အေအက်ဖ်ပီ သတင်းအရ သိရသည်။


ရုရှားသမ္မတ ပူတင်ပ  ယူကရိန်းမှာစစ်ရေးအရ စစ်ဆင်ရေး ကြေညာပြီးနောက်  ရုရှားဘက်က ဒုံးကျည်နဲ့တိုက်ခိုက်မှုတွေလုပ်ပြီလို့ ယူကရိန်းသမ္မတအတည်ပြုကြောင်း ဘီဘီစီက သတင်း ဖော်ပြသည်။

 

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်တွင်  ယနေ့  ဖေဖော်ဝါရီလ ၂၄ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီ လောက်ကစပြီး ပထမဆုံးပေါက်ကွဲသံတွေ ကြားနေရကြောင်း၊  ရုရှားဘက်က ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ  ပြုလုပ်နေကို ယူကရိန်းသမ္မတဇလန်းစကီးက အတည်ပြုတယ်ဆိုကြောင်း  ရိုက်တာသတင်းဌာနက သတင်းကို ကိုးကားပြီး ဘီဘီစီက ဖော်ပြသည်။

 

ရုရှားဟာ ယူကရိန်းရဲ့အခြေခံအဆောက်အအုံများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များ အပေါ် ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူကရိန်း  သမ္မတက ပြောပေဆိုသော်လည်း မည်သည့်နေရာများ  တိုက်ခိုက်ခံရသည်ကိုမူ  တိတိကျကျ ထုတ်မပြောသေးဟု ဆိုသည်။

 

ပေါက်ကွဲသံ ၄၊ ၅ ကြိမ်ခန့်ကို ခပ်ဝေးဝေးကနေ ခပ်အုပ်အုပ်နဲ့ကြားရပြီး ၎င်းနောက် နောက်ထပ်ပေါက်ကွဲသံမျာကို ကြားခဲ့ရကြောင်း၊  မြို့တွင်းဘက်က လာတာမဟုတ်ကြောင်း ကိယက်ဗ်က ဘီဘီစီသတင်းထောက်က ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။

 

မြို့ထဲက လေဆိပ်တိုက်ခိုက်ခံရသည်ဟု သတင်းတွေထွက်ပေါ်နေသလို လေယာဉ်ကွင်းများ ၊ စစ်ရုံးများ  တိုက်ခိုက်ခံရကြောင်း  ပြည်ပသတင်းဌာနတွေကို ဖြေကြားလေ့ရှိတဲ့ ယူကရိန်းအစိုးရအရာရှိတစ်ဦးက ပြောထားတယ်လို့လည်း ဘီဘီစီကသတင်းထောက်က ပြောပါတယ်။

 

ရုရှားယိမ်း ခွဲထွက်ရေးသမားများ  ထိန်းချုပ်ထားသည့် ဒေသများအနီးက Kramatorsk လို နိုင်ငံအရှေ့ပိုင်းက မြို့များတွင် လည်း ပေါက်ကွဲမှုဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်လာနေကြောင်း ဘီဘီစီက သတင်းဖော်ပြသည်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားသည်  ယူရိကန်းအပေါ် အပြည့်အ၀ကျူးကျော်မှု စတင်နေပြီဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့်  ခုခံသွားမည်ဖြစ်ကြောင်း  အစောပိုင်းကပြောဆိုထားသည်။

 

(ကိုးကား အေပီ၊ ဘီဘီစီ သတင်းများ)




ဆက်စပ် သတင်းများ