သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လူပေါင်း ၂.၅ သန်းကျော် ယူကရိန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြရဟု ကုလသမဂ္ဂပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.8k

နိရဉ္စရာ၊ မတ် ၁၂/၀၂၂ (နိုင်ငံတကာ)

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်မှု စတင်ချိန်မှစ၍ ယူကရိန်းနိုင်ငံမှ လူပေါင်း ၂ ဒသမ ၅ သန်းကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး နောက်ထပ် လူ ၂ သန်းသည် နိုင်ငံတွင်းရှိနေအိမ်များမှ နှင်ထုတ်ခံခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီများက(မတ် ၁၁ ရက်) သောကြာနေ့က ပြောကြားခဲ့သည်။

ယူကရိန်းဒုက္ခသည် ၄ သန်းခန့်သည် နိုင်ငံရပ်ခြားတွင် ဘေးကင်းစွာဖြင့် ခိုလှုံရန် ကြိုးပမ်းမည်ဟု ယူဆချက်ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ကုလသမဂ္ဂက စီစဉ်လျက်ရှိသည်။

သို့သော်လည်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိမ်နီးချင်း နိုင်ငံများသို့ ယူကရိန်းမှ ထွက်ပြေး တိမ်းရှောင်လာသူ ၂၀၀,၀၀၀ ဝန်းကျင် ရှိပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အရာရှိတစ်ဦးကမူ ယင်းကိန်းဂဏန်းထက် ပိုမိုများနိုင်သဖြင့်  ပြန်လည် ဆန်းစစ်ရန် လိုအပ်သည်ဟု ဆိုသည်

ပိုလန်နယ်စပ်အနီးရှိ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ (UNHCR)ပြောရေးဆိုခွင့်ရှိသူ Matthew Saltmarsh က " လူပေါင်း ၄ သန်းကို ပြန်လည်သုံးသပ်ဖို့ အစီအစဉ် ဖြစ်နိုင်ချေရှိပါတယ်။  အဲဒါက အံ့သြစရာတော့ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီများသည် နယ်စပ်ဖြတ်ကျော်မှုများတွင်  အအေးလှိုင်းများကြား စောင့်ဆိုင်းနေသော ထောင်ပေါင်းများစွာသော ဒုက္ခသည်များအတွက် အပူပေးစက်များ ပံ့ပိုးပေးရန် ကြိုးပမ်းနေကြသည်ဟု ၎င်းက ဆိုသည်။

ထိုအချိန်တွင် ထရပ်ကားများသည် ထောင်ပေါင်းများစွာသော အပူစောင်များနှင့် မွေ့ယာများကို အခြားဘက်သို့ ယူဆောင်လာကြသည်

ယူကရိန်းနိုင်ငံရှိ မြို့ကြီးများနှင့် မြို့များတွင် လူထောင်ပေါင်းများစွာမှာ  ဗုံးကြဲတိုက်ခိုက်မှုများ အကြားတွင်ပိတ်မိနေပြီး ရိက္ခာများ ပြတ်လပ်နေသည်ဟုဆိုသည်။ ရုရှားနှင့် ယူကရိန်းတို့သည် အပစ်အခတ်ရပ်စဲရေး ပျက်ကွက်မှုအတွက် နှစ်ဖက်စလုံးက အပြစ်တင်နေကြသည်။

ယူကရိန်းနိုင်ငံရှိ မြေအောက်ခန်းများမှ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဝန်ဆောင်မှုများကို လုံခြုံရေးအခြေအနေကြောင့် ဆောင်ရွက်ပေးခဲ့ကြောင်း အွန်လိုင်းမှ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံးမှ အစီရင်ခံစာတွင် သောကြာနေ့က ဖော်ပြထားသည်။


"UN: More than 2.5 million people have fled Ukraine"

https://www.dhakatribune.com/europe/2022/03/11/un-more-than-25-million-people-have-fled-ukraine


ဆက်စပ် သတင်းများ