သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရုရှားစစ်တပ်ပစ်ခတ်၍ ယူကရိန်းတွင် အမေရိကန်သတင်းထောက်တဦးသေဆုံးပြီးနောက်တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ မတ် ၁၁/၂၀၂၂ (နိုင်ငံတကာ)

ကိယက်ဗ်မြို့ အနောက်မြောက်ဘက် ဆင်ခြေဖုံးရှိ ရှေ့တန်းစခန်းတစ်ခုဖြစ်သည့် Irpin တွင် တနင်္ဂနွေနေ့က အမေရိကန် သတင်းထောက်တစ်ဦး ပစ်သတ်ခံရပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်ဟု  အေအက်ဖ်ပီတွင် သတင်းဖော်ပြသည်။

ယူကရိန်း ပိုင်နက်ကာကွယ်ရေးစေတနာ့ဝန်ထမ်း ခွဲစိတ်ဆရာဝန် Danylo Shapovalov က အမေရိကန်နိုင်ငံသားတစ်ဦး ချက်ချင်းသေဆုံးပြီး အခြားတစ်ဦးကို ဆေးကုသပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းမှာရှိနေသည့် အေအက်ဖ်ပီ သတင်းထောက်များက သေဆုံးသူရဲ့အလောင်းကို တွေ့ခဲ့သည်ဟုဆိုသည်။

အမေရိကန်များနှင့် ကားတစ်စီးတည်း လိုက်ပါလာခဲ့သည့် တတိယမြောက်ဖြစ်သည့် ယူကရိန်းနိုင်ငံသားလည်း ဒဏ်ရာရရှိခဲ့သည်။

ယူကရိန်း တာဝန်ရှိသူများက အဆိုပါ ပစ်ခတ်မှုအတွက် ရုရှားတပ်ဖွဲ့ဝင်များအား အပြစ်တင်ရန် အမြန် လုပ်ဆောင်ခဲ့သော်လည်း အခြေအနေ အတိအကျကို မသိရသေးပေ။ အေအက်ဖ်ပီ သတင်းထောက်များက ထိုဒေသတွင် လက်နက်ငယ်များနှင့် အမြောက်များဖြင့် ပစ်ခတ်သံများကို ကြားရသည်ဟု ဆိုသည်။

"ကားကပစ်ခံရတယ်။ ကားပေါ်မှာ အမေရိကန် တင်းထောက် နှစ်ယောက်နဲ့ ငါတို့  (ယူကရိန်းနိုင်ငံသား) တစ်ယောက်ပါတယ်" ဟု Shapovalov က AFP ကို ပြောသည်။

၎င်းပြင်သူက ကျွန်တော်တို့လူ ယူကရိန်းနိုင်ငံသားဲ့သတင်းထောက်က ဒဏ်ရာရသွားတယ်၊ သူတို့ကို ရှေးဦးသူနာပြုတွေ ပေးခဲ့တယ် ကျန်တဲ့တစ်ယောက်က လည်ပင်းမှာ ဒဏ်ရာရပြီးချက်ချင်း သေဆုံးသွားတယ်" ဟု ပြောသည်။အမေရိကန်သတင်းထောက် အလောင်းပေါ်ကတွေ့ရှိရသည့်  စာရွက်စာတမ်းအရ သေဆုံးသူမှာ  နယူးယောက်မြို့က အသက် ၅၀ အရွယ် ဗီဒီယို မှတ်တမ်းရိုက်ကူးသူ Brent Renaud ဟုသိရသည်။

New York Times သတင်းဌာန၏ သက်သေခံကတ်ပြားတစ်ခုကို  စာရွက်များကြားတွင်တွေ့ရှိပြီး ၎င်းသတင်းဌာန အတွက် သူအလုပ်လုပ်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်နေသော်လည်း သူသေဆုံးချိန်တွင် ၎င်းသတင်ဌာအတွက် လုပ်မလုပ်ခဲ့ဟု အမေရိကန်နေ့စဉ် US Daily က ဆိုသည်။

သေဆုံးသွားခဲ့သည့် သတင်းထောက် Brent သည် နှစ်များတစ်လျှောက် The New York Times အတွက်ပံ့ပိုးပေးခဲ့သော အရည်အချင်းရှိသော ဓာတ်ပုံဆရာနှင့်ရုပ်ရှင်ရိုက်ကူးသူတစ်ဦးဖြစ်သည်" ဟု လက်ထောက်မန်နေဂျာ Cliff Levy မှ တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။


ကိုးကား US journalist shot dead, another wounded by Russian forces in Ukraine

ဆက်စပ် သတင်းများ