သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမေရိကန်တွင် အဘွားကိုပစ်သတ်ပြီး မူလတန်းကျောင်းပစ်ခတ်မှု ကလေးငယ် ၁၉ ဦးအပါဝင် လူကြီး ၂ ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

မေလ ၂၅/၂၀၂၂
ယနေ့ (အင်ဂါနေ့) နံနက် ၁၁ နာရီ ၃၂ မိနစ်ခန့်က တက်ဆတ်ပြည်နယ် ဗယ်ဒေ့မြို့ (Robb Elementary School in Uvalde, Texas)ရှိ မူလတန်း ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၁၈ နှစ်အရွယ်ရှိ သေနတ်သမားဖြစ်သူ ဆယ်ဗာဒိုးရာမိုစ့်က သူ၏ နေအိမ်တွင် အဘွားဖြစ်သူကို ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါကျောင်းသို့ လာရောက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အပြင်ဘက်တွင် တိုက်ပြီး စွန့်ပစ်ထားသော ထရပ်ကား တစီးကိုလည်းတွေ့ရသည်ဟုဆိုသဖြင့် ခန့်မှန်းချက်များအရ သူ့ကားကို ထားခဲ့၍ ကျောင်းထဲဝင်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းနေကြပြီး သေနတ် အတို တလက်နှင့် ရိုင်ဖယ်တလက်ပါရှိမည်ဟု ကနဦးသတင်းများက (အတည်မပြုရသေးပါ) ဆိုထားသည်။
ပစ်ခတ်သူကိုလည်း အသေဖမ်းဆီးရမိခဲ့သည်။
မူလတန်းကလေးငယ် ၃၊ ၄၊ ၅ တန်း အရွယ် ( အသက်အတိအကျကို မသိရ သေးပါ) ၁၈ ဦး သေဆုံးခဲ့ပြီး ကျောင်းဆရာတဦးအပါဝင် လူကြီး ၂ ဦးလည်း သေဆုံးခဲ့သည်ဟု ကြေညာထားသည်။
ကျောင်း၏ ဝက်စ်ဆိုဒ်တွင် ယင်းကျောင်းသည် ၂ တန်းကနေ ၅တန်းအထိ ကျောင်းသားကျောင်းသူ ၆ဝဝ ခန့်တက်ရောက်လျက်ရှိသောကျောင်း ဖြစ်သည်ဟုဖော်ပြထားသည်။
ယခု ပစ်ခတ်မှုတွင် ဒဏ်ရာရသူ ၁၃ ဦးခန့်ရှိပြီး ကလေးငယ်တဦးနှင့် ယင်းအထဲက ၆၆ နှစ်အရွယ် အမျိုးသမီးကြီးတဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု ဆိုသည်။ အချို့ကို ဆန်အန်တီနီယိုမြို့သို့ သယ်ဆောင်သွားခဲ့ရသည်ဟုသိရသည်။
ပစ်ခတ်သူမှာ အဆိုပါ မူလတန်းကျောင်းနှင့်မဆိုင်သည့် အခြား အထက်တန်း ကျောင်းက ကျောင်းသားတဦးဖြစ်ပြီး မည်သည့်အကြောင်းကြောင့် အဘွား ဖြစ်သူကို ပစ်ခတ်ပြီး ယင်းကျောင်းသို့သွားကာ ပစ်ခတ်မှုများ ပြုလုပ်ခြင်းကို မသိရသေးပေ။
ဗယ်ဒေ့မြို့မှာ ဆန်အန်တီနီယိုမြို့အနောက်ဘက် ၈၅ မိုင်အကွာခန့်တွင် တည်ရှိသော မြို့ငယ်လေး ဖြစ်သည်။
ယင်းကျောင်း၏ ယခုနှစ် စာသင်ရက် ကျောင်းပိတ်ရက်မှာ ယခုအပတ် ကြာသပတေးနေ့တွင် နောက်ဆုံးဖြစ်သည်ဟုလည်း သိရသည်။
တလအတွင်းပစ်ခတ်မှုအများပြားဖြစ်ပွားနေသော အမေရိကားတွင် ယခုလို အိမ်ပြန်မရောက်နိုင်သော ကြေကွဲဖွယ် ကလေးငယ်များအတွက် အလံ တဝက်ထူထားသလို သမတကြီးဘိုင်ဒင်အနေဖြင့် ယနေ့ည ၈:၁၅ မိနစ်တွင် ဝမ်းနည်းစကားပြောကြားမည်ဖြစ်သည်။
အမေရိကန်အချိန် ယနေ့ ညနေ 6:၃၀ နာရီအထိ ရရှိသတင်းဖြစ်ပါသည်။
(အာရက္ခမီဒီယာ၏ သတင်းဖြစ်ပါသည်။)
Death toll in Texas elementary school shooting rises to NINETEEN students and two teachers: CBP agent rushed into building with tactical team and shot barricaded gunman, 18, dead

ဆက်စပ် သတင်းများ