- Web Master
- ၀၈ ဧပြီ ၂၀၂၄
ဇူလိုင်- ၈/ ၂၀၂၂
ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်းမစ္စတာရှင်ဇိုအာဘေးသည ယနေ့နံနက်က သေနတ်ဖြင့်ပစ်ခံရပြီး ဒဏ်ရာရရှိသွားခဲ့ကာဆေးရုံ တင်ထားရသည်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ဒေသစံတော်ချိန် ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်က နာရာမြို့တွင် ကျင်းပ အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောနေချိန်တွင် နောက်ကနေ သေနတ် ပစ်ခတ်ခံခဲ့ရပြီး လက်ရှိမှာတွင် ဆေးရုံပို့ထားရကြောင်း၊ နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခံခဲ့ရပြီး ဒုတိယမြောက် ပစ်ခတ်မှုမှာ နောက်ကျောကို ထိမှန်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သူကို ဖမ်းဆီးထားကြောင်း သတင်းများတွင် ဖော်ပြသည်။
“ ဂျပန်နိုင်ငံ အနောက်ပိုင်း နာရာမြို့မှာ ဒီနေ့နံနက် ဒေသစံတော်ခှိန် ၁၁ နာရီခွဲဝန်းကျင်က သေနတ်ပစ်ခံရပါတယ်။ သေနတ်သမားလို့ ယုံကြည်ရသူ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ မစ္စတာ အာဘေးရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး"ဟု ဂျပန်အစိုးရအဖွဲ့ အထွေထွေအတွင်းရေးမှူး ဟီရိုကီမတ်ဆုနိုက သတင်းထောက်များအား ပြောကြားသည်။
ဖမ်းဆီးခံထားရသူမှာ အသက် ၄၀ အရွယ်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းအား သေနတ်တစ်လက်နှင့် အတူ ဖမ်းမိကြောင်း NHK သတင်းဌာနကဆိုသည်။
အသက် ၆၇ နှစ်အရွယ်ရှိ ရှင်ဇိုအာဘေးသည် သေနတ်ပစ်ခံရသဖြင့် လဲကျသွားချိန်တွင် သတိလစ်ကာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း၊ မစ္စတာ အာဘေးဟာ နှလုံးရပ်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေကြောင်း တိုကျိုမြို့ဝန်ဟောင်း Yoichi Masuzoe က တွစ်တာမှာ ရေးသားထားကြောင်း ဘီဘီစီတွင် သတင်းဖော်ပြထားသည်။