သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကွယ်လွန်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

ဇူလိုင်- ၈/ ၂၀၂၂
ယနေ့နံနက်က သေနတ်ဖြင့် ပစ်ခံခဲ့ရသည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာရှင်ဇိုအာဘေး သည် ကွယ်လွန်သွားပြီးဖြစ်ကြောင်း NHK က သတင်းထုတ်ပြန်သည်။
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အကြီးတန်း အရာရှိ တစ်ဦးက ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး (Abe Shinzo) သည် ဆေးကုသမှု ခံယူနေသည့် ဆေးရုံ၌ပင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။
ယနေ့ သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ဂျပန်နိုင်ငံ အနောက်ပိုင်း Nara မြို့လမ်းပေါ်တွင် လာမည့်အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေစဉ် သေနတ်ဖြင့် ပစ်ခံခဲ့ရသည်။ သူ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိပြီဖြစ်သည်။
"LDP sources say former Japanese Prime Minister Abe Shinzo has died. He was shot during a speech on Friday in the city of Nara, near Kyoto."

ဆက်စပ် သတင်းများ