သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သီရိလင်္ကာသမ္မတ ရာထူးကနုတ်ထွက်ရန်နာရီပိုင်းအလိုတွင် လေတပ်လေယာဉ်ဖြင့်တိုင်းပြည်ကထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.2k

နိရဉ္စရာ၊ ဇူလိုင် ၁၃/ ၂၀၂၂ (နိုင်ငံတကာ)

 

သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျက်ပက်ဆာ(Gotabaya Rajapaksa)သည် ရာထူးကနုတ်ထွက်ရန် နာရီပိုင်းအလိုတွင် လေတပ်လေယာဥ်ဖြင့် နိုင်ငံကနေ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။  

ထွက်ပြေးရာတွင် ရာဂျာပက်ဆာနှင့်အတူ ဇနီးဖြစ်သူနှင့် သက်တော်စောင့်နှစ်ဦးပါဝင်ကြောင်း၊ သီရိလင်္ကာ လေတပ်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း  လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြသည်။

၎င်းသည် မော်လ်ဒိုက်၏မြို့တော် Male မြို့သို့ ထွက်ခွာသွားကြောင်း ယင်းမှတဆင့် အခြား အာရှနိုင်ငံသို့ သွားဖွယ်ရှိကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

 စနေနေ့တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများက င်း၏ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုခဲ့ပြီးနောက် သမ္မတရာဂျာပက်ဆာသည် စည်းလုံးညီညွှတ်သောအစိုးရတစ်ရပ်အတွက် လမ်းဖွင့်ပေးရန်အတွက် ဗုဒ္ဓဟူးနေ့တွင် သမ္မတရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆိုးရွားလှသော စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်သော ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး သီရိလင်္ကာပြည်သူများသည် သမ္မတနှင့် ဝန်ကြီးချုပ် အိမ်တော်များအထိ ဝင်ရောက်စီးနင်းသည် အထိ ဖြစ်ပေါ်ခဲ့သည်။

ပါလီမန်သည် ၎င်း၏ နေရာကို ဇူလိုင် ၂၀ ရက်တွင် ရွေးချယ်မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း Mahinda Rajapaksa အပါအဝင် သမ္မရာဂျာပက်ဆ မိသားစုသည် နိုင်ငံ၏ လူဦး ၂၂ သန်းကို နှစ်ပေါင်းများစွာကြာ လွှမ်းမိုးထားခဲ့ပြီး သီရိလင်္ကာနိုင်ငံသား အများစုသည် လက်ရှိ ပြဿနာများ အတွက် လက်ရှိခေါင်းဆောင်များအပေါ် အပြစ်တင်ခဲ့ကြပြီးနောက် နိုင်ငံတစ်ခုလုံး အုံကြွဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ယခုထွက်ပြေးမှုကြောင့် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သော  မစ္စတာ ရာဂျာပက်ဆာနှင့်  သူတို့ မိသားစုလိုက် သီရိလင်္ကာ နိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်နေမှုမှာ  အဆုံးသတ် သွားပြီ ဖြစ်သည်ဟု ဆိုသည်။ 

သူ့ ညီဖြစ်သူ ဘဏ္ဍာရေး ဝန်ကြီးသည်လည်း  နိုင်ငံကနေ ထွက်သွားပြီ အမေရိကန်ကို ဦးတည် သွားနေသည်ဟု သိရသည်။

"Sri Lankan president flees country hours before he was due to step down"

ဆက်စပ် သတင်းများ