သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ထိုင်းစစ်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အမှတ် (၄) ထိုင်းတောင်ပိုင်းတိုင်းမှူးအပါအဝင် ၇ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k

နိရဉ္စရာ၊ ဇူလိုင် ၁၅/၂၀၂၂

ထိုင်းစစ်တပ်ပိုင် ရဟတ်ယာဉ်တစ်စင်းသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ယနေ့နံနက်ပိုင်းက ပျက်ကျသွားရာ အမှတ် (၄) တောင်ပိုင်းတိုင်းမှူးအပါအဝင် ဦး ဒဏ်ရာရရှိသွားသည်ဟု  သိရသည်။

၎င်းရဟတ်ယာဉ်သည် ောကြာနေ့ နံနက်ပိုင်းက ဆုန်ခလာခရိုင (Songkhla) ခရိုင် Thepha မှာ အရေးပေါ် ဆင်းသက်စဉ် သစ်ပင်နှင့် တိုက်မိကာ ပျက်ကျသွားခဲ့သည်ဟု ဆိုသည်။

တပ်မ ၄ တပ်မဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Col Pramote Prom-in မှ Black Hawk  အမျိုးအစား ၎င်းရဟတ်ယာဉ်သည် ဆွန်ခလာခရိုင် Senanarong စစ်စခန်းမှ Pattani Yarang ခရိုင်ရှိ  Sirindhorn စခန်းသို့ ထွက်ခွာလာစဉ် အင်ဂျင်ပြဿနာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်ပေါ်တွင်  အမှတ်(၄)တပ်မမှူး၊ လေယာဉ်မှူးနှစ်ဦး၊ နည်းပညာရှင်နှစ်ဦး၊ အခြားစစ်သားတစ်ဦးနှင့် ဓာတ်ပုံဆရာတစ်ဦးတို့ကို လိုက်ပါလာသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ 

ယာဉ်ပေါ်ပါ ခုနစ်ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး Kriangkrai ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း ဘန်ကောက်ရှိ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တောင်ပိုင်းစစ်တပ်အကြီးအကဲသည် တင်ပါးဆုံရိုးကျိုးသွားခဲ့ကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်ဟု Bangkok Postတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ