- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဩဂုတ် ၆ / ၂၀၂၂ (နိုင်ငံတကာ)
ဘင်္ဂလာဒေ့ရှ်တွင် ရုရှားအကူအညီဖြင့် တည်ဆောက်နေသော Rooppur နျူးကလီးယား ဓာတ်အားပေးစက်အတွက် စက်ယန္တရားများ တင်ဆောင်လာသည့် ရုရှားသင်္ဘောတစ်စင်းသည် Mongla ဆိပ်ကမ်းသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိလာပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနဖြစ်သော UNB က သတင်းဖော်ပြသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သို့ ရုရှားနိုင်ငံမှ စက်ကရိယာများ ပို့ဆောင်မှုမှာ ဒုတိယမြောက် ပို့ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဓာတ်အားပေးစက်ရုံအတွက် စက်ယန္တရား ၅၆၀၁ တန် တင်ဆောင်လာသည့် လိုင်ဘေးရီးယား အလံတင်သင်္ဘော MV Dragonball သည် သောကြာနေ့တွင် ဆိပ်ကမ်း၏ဆိပ်ခံတံတား ၇ တွင် ဆိုက်ကပ်ခဲ့ကြောင်း မောင်လာဆိပ်ကမ်းမှ ဆိပ်ကမ်းအရာရှိ Sheikh Fakar Uddin က ပြောသည်။
“ ဆိပ်ခံတံတား ၇ မှာ သင်္ဘောပေါ်က ကုန်ပစ္စည်းတချို့ကို သင်္ဘောပေါ်ကနေ ရွှေ့ပြောင်းပါတယ်။ သင်္ဘောရေစူး မြင့်တက်လာပြီးတဲ့နောက် သင်္ဘောကို စနေနေ့မွန်းလွဲပိုင်းတွင် ဆိပ်ကမ်း-၉ ဆိပ်ကမ်းကို ပြောင်းရွှေ့ဆိုက်ကပ်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
ထို့နောက် စက်ယန္တရားများကို ဆိပ်ခံတံတားတွင် ရွှေ့ပြောင်းပြီး ဓာတ်အားပေးစက်ရုံသို့ သယ်ယူ ပို့ဆောင်မည်ဖြစ်သည်။
ဇွန် ၂၈ ရက်က Rooppur နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် စက်ယန္တရား ၃၃၂၈ ဒသမ၂၃၇ တန် တင်ဆောင်လာသည့် ရုရှားအလံတင်သင်္ဘော MV Kamilla သည် ဆိပ်ကမ်း၏ ဆိပ်ခံတံတား ၆ တွင် ဆိုက်ကပ်ခဲ့သည်ဟု သိရသည်။
Rooppur နျူးကလီးယားအတွက် စက်ပစ္စည်းများ တင်ဆောင်လာသည့် နောက်ဆုံး ရုရှားကွန်တိန်နာသင်္ဘော MV FESCO ULISS သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း မောင်လာဆိပ်ကမ်း ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ် Mohammad Musa က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ရုရှား အကူအညီဖြင့် ဒက္ကားမှ မိုင် ၁၀၀ ခန့် ဝေးသည့် Rooppur တွင် နျူးကလီးယားဓာတ်အားပေးစက်ရုံကို ၂၀၁၇ ခုနှစ် နိုဝင်ဘာမှ စတင်အကောင်အထည်ဖော်ပြီး ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မီဂါဝပ် ၁၂၀၀ စီ ထုတ်လုပ်နိုင်မည့် နျူးကလီးယား ဓာတ်အားပေး စက်ရုံ ၂ ခုကို အမေရိကန် ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလီယံ အကုန်အကျခံပြီး တည်ဆောက်ရန် ရုရှားနိုင်ငံနှင့် ရိုက်တာသတင်းတွင် ဖော်ပြထားသည်။