သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ကိုဗစ်ကူးစက်မှုတွေ ရုတ်တရက်ပြန်လည်မြင့်တက်တဲ့ တရုတ်မှာ အစိုးရကကိုဗစ်ကန့်သတ်ချက်တစ်ခု ထပ်မံဖြေလျော့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

(ဇန်နဝါရီ()ရက်နေ့က စပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်လာသည့် ခရီး သည်များကွာရင်တင်း  ဝင်စရာမလိုတော့ဟုဆို)

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၇/ ၂၀၂၂

လာမယ့် ၂၀၂၃၊ ဇန်နဝါရီလ()ရက်နေ့က စပြီး တရုတ်နိုင်ငံကို သွားရောက်ကြမယ့် ခရီးသည်တွေအနေနဲ့ကိုဗစ်ထိန်းသိမ်ရေး ကွာရင်တင်းစခန် ဝင်စရာမလိုတော့ဘဲ (၄၈)နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်းစစ်ဆေးထားတဲ့ PCR အထောက်အထားစာရွက်တစ်ခုကိုသာ ပြသဖို့ လိုအပ်တော့မှာဖြစ်ကြောင်း တရုတ်အမျိုးသား ကျန်းမာရေး ကော်မရှင်( NHC)က ဒီဇင်ဘာ(၂၇)ရက်မှာ ကြေညာလိုက်ပါတယ်။ 

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကိုဗစ် ကန့်သတ်ချက်တွေ ဖြေလျော့ပြီး စ်နိုင်ငံနဲ့တစ်နိုင်ငံ ကူးလူးသွားလာ နေကြချိန်မှာ တရုတ်နိုင်ငံဟာ ကိုဗစ်ကူးစက်မှု လုံးဝကင်းစင်ရေး ( Zero Covid policy) မူဝါဒအရ တင်းကြပ်တဲ့စည်းမျဉ်းကန့်သတ်ချက်တွေ ချမှတ်ထားဆဲဖြစ်ပြီး နိုင်ငံတွင်း ဝင်ရောက်လာတဲ့ ခရီးသည်အားလုံး ဟိုတယ်နဲ့ သီးခြားသတ်မှတ်ထားတဲ့ စခန်းတွေမှာ ရက်အတန်ကြာ ကွာရင်တင်းဝင်ကြရပါတယ်။  

အရင်ကရက်သတ္တပတ် သုံးပတ်၊နောက်တော့ နှစ်ပတ်၊ မကြာသေးခင်အချိန်ထိ အနည်းဆုံး သုံးရက် ကွာရင်တင်းဝင်ပြီးမှ ခရီးဆက်ရတာဖြစ်လို့ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ လုံးဝရပ်တန့်သွားခဲ့တယ်။ 

သမ္မတ ရှီကျင့်ပင် ရဲ့ တင်းကြပ်တဲ့ zero covid မူဝါဒကြောင့် စီးပွားရေး၊ လူမှုရေး ထိခိုက်နစ်နာမှု ကြီးမားလာတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လူထုမကျေနပ်မှုတွေနဲ့အတူ အစိုးရအပေါ် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီးတဲ့နောက် တင်းကြပ်တဲ့ အသွားအလာ ကန့်သတ်မှု Lockdown အစီအစဉ်တွေကို အစိုးရကဖြေလျှော့ပေးခဲ့တယ်။ 

ခုတစ်ခါမှာတော့ တင်းကြပ်ထားတဲ့ ကိုဗစ် ကန့်သတ်ချက်တွေထဲက တစ်ခုကဖြစ်တဲ့ ပြည်ပခရီးသည်များကိုဗစ်ထိန်းသိမ်းရေး ကွာရင်တင်းစခန်း မဖြစ်မနေ ဝင်ရောက်ရမယ့် ကန့်သတ်ချက်တွေကို အစိုးရက ထပ်မံဖြေလျှော့ပေးလိုက်တာ ဖြစ်တယ်။ ာမယ့် ဇန်နဝါရီလ()ရက်နေ့က စပြီ တရုတ်နိုင်ငံကို ဝင်ရောက်မယ့် ခရီးသည်တွေဟာ ကိုဗစ်ကင်းရှင်းကြောင်း အထောက်အထားစာရွက် ပြသရုံသာဖြစ်ပြီး အရင်လို ဟိုတယ်ကွာရင်တင်း ဝင်စရာမလိုတော့ပါဘူး။ 

ခုလို ကိုဗစ်ကန့်သတ်ချက် စည်းမျဉ်းတွေ တရုတ်အစိုးရက ထပ်မံဖြေလျှော့ပေးလိုက်ချိန်မှာပဲ 

တရုတ်နိုင်ငံ ဘေဂျင်းမြို့ အနီးဝန်းကျင်နဲ့ မြို့ကြီးအချို့မှာ ကိုဗစ်ကူးစက်မှုတွေ ရုတ်တရက် ပြန်လည်မြင့်တက်လာနေတာလည်း တွေ့မြင်နေရတယ်။ 

ဆေးရုံအထူးကြပ်မတ်ကုသဆောင်တွေမှာ လူနာတွေ နဲ့ ပြည့်နေပြီး ကုတင်မလုံလောက်မှုကြောင့် စင်္ကြန်တွေမှာ လူနာတွေကို ထားနေရတယ်။ နာမကျန်းဖြစ်သူတွေဟာ အသက် ၄၀ နဲ၇၀ ကြားမှာ ဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေ နေ့စဉ်ဖြစ်ပေါ်နေတဲ့အတွက် အသုဘရုံတွေမှာ လူနာတွေပုံနေတယ်လို့ ရိုက်တာ သတင်းတစ်ပုဒ်မှ ဖော်ပြထားတယ်။ 

တရုတ်အစိုးရ အမျိုးသားကျန်းမာရေးဌာနဟာ ကိုဗစ်ကြောင့် သေဆုံးသူစာရင်းကို ထုတ်ပြန်ခြင်း မပြုတော့ဘဲ ရပ်ဆိုင်းလိုက်သလို သေဆုံးသူတွေဟာ ကိုဗစ်နဲ့ ဆက်စပ်မှု မရှိတဲ့ ရောဂါကြောင့်သာဖြစ်တယ်လို့သတ်မှတ်ထားတယ်။ ခုလို ကူးစက်မှုမျိုးနဲ့ဆို လာမယ့် ခြောက်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ လူပေါင်း . သန်း သေဆုံးနိုင်တယ်လို့ သုတေသနပြုချက်တစ်ခုက ဆိုတယ်။ 

 NN-27

ref:cna 

ဆက်စပ် သတင်းများ