သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပုပ်ရဟန်းမင်းကြီးဟောင်း ဘီနီဒစ်(၁၆) ကွယ်လွန်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.8k

နိရဉ္စရာ၊ ဇန်နဝါရီ / ၀၂၃ (နိုင်ငံတကာ)

ကက်သလစ်ခရစ်ယာန် သာသာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီးဟောင်း ဘီနီဒစ်(၁၆)ဟာ ဒီဇင်ဘာလ (၃၁)ရက် နံနက်ပိုင်းက ဗာတီကန်စီးတီးမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက်(၉၅)နှစ် ရှိပြီဖြစ်ပြီး ခရစ်ယာန်သာသနာပိုင်သမိုင်းမှာ နှစ်ပေါင်း ၆၀၀ကျော်အတွင်း ပထမဦးဆုံး သာသနာပိုင်ချုပ်အဖြစ်က သက်ရှိထင်ရှား အနားယူခဲ့သူလည်း ဖြစ်တယ်။ 

ပုပ်ရဟန်းမင်းကြီး ဘီနီဒစ်(၁၆)ဟာ ဒီနေ့မနက်ပိုင်းက ဗာတီကန်စီးတီး၊ မေတာ အက်စ်လီဆေး ဘုန်းတော်ကြီးကျောင်းမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းကြေကွဲစွာနဲ့ အသိပေးအပ်ပါတယ်လို့ ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် မက်တီယို ဘရူနီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဘင်နီဒစ် ရဲ့ ရုပ်ကလာပ်ကို တနင်္လာနေ့က စပြီး စိန့်ပီတာရဲ့ ဘာစီလီကာ ဘုရားကျောင်းမှာ အများပြည သူကိုပြသအကြည်ညိုခံသွားမယ်လို့သိရတယ်။ ဘင်နီဒစ် ကွယ်လွန်သွားတဲ့အပေါ် တစ်ကမ္ဘာလုံးက ခေါင်းဆောင်များ နဲ့ အကြီးအကဲများက ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြတယ်။ ဒီအထဲမှာ ဂျာမန် အဓိပတိ အိုလက်ဖ် စခိုးလ်၊ အီတလီဝန်ကြီးချုပ် မယ်လိုနီတို့လည်း ပါဝင်တယ်။ 

ဂျာန်လူမျိုး ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်(၁၆)ဟာ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလမှာ မှာ သာသနာပိုင်ချုပ်အဖြစ်က ရုတ်တရက် နှုက်ထွက်သွားခဲ့သူ ကာလတာရှည် ကျန်းမာရေးညံ့ဖျင်းနေခဲ့ရာက အဆိုးဆုံးအခြေအနေရောက်လာလို့ ပြီးခဲ့တဲ့ အပတ်က လက်ရှိ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဘင်နီဒစ်ရဲ့ ကျန်းမာရေးအတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းဆုတောင်းပေးကြဖို့ တိုက်တွန်းခဲ့တယ်။ 

ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်(၁၆)ဟာ ၂၀၀၅ ခုနှစ်က ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်()ကွယ်လွန်ပြီးနောက်ခရစ်ယာန်သာသနာပိုင်ချုပ် ဖြစ်လာခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းလာပြီးနောက်မှာ ရာထူးကနေ နှုတ်ထွက်ကြောင်း ရုတ်တရက်ကြေညာပြီး အနားယူသွားခဲ့တယ်။ကက်သလစ်ခရစ်ယာန်သမိုင်းမှာ ၁၄၁၅ ခုနှစ် နောက်ပိုင်း ပထမဆုံး သက်ရှိထင်ရှား နားယူသွားတဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါးဖြစ်ခဲ့တယ်။ သူအနားယူပြီးနောက်မှာ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကကက်သလစ်သာသနာပိုင်ချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ 

NN-27

Photo: Internet

ဆက်စပ် သတင်းများ