သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အမေရိကန်နှင့်ဂျာမနီက ယူကရိန်းအတွက် ဖျက်အားပြင်းတင့်ကားများပေးပို့တော့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

ဇန်နဝါရီ၂၅/၂၀၂၃

လပေါင်းအတန်ကြာ မသိကျိုးကျွံပြုခံထားရပြီးနောက် အမေရိကန်နှင့်ဂျာမနီတို့သည် ယူကရိန်း လိုအပ်နေသည့် ဖျက်အားပြင်းတင့်ကားများကို ပေးပို့ရန် စီစဉ်နေပြီဟုသိရသည်။ 

ယခုကဲသို့ အမေရိကန်နှင့် ဂျာမနီတို့ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းစစ်ပွဲမှာ အလှည့်အပြောင်း တစ်ခုသို့ ရောက်ရှိလာတော့မည်ဟုဆိုသည်။ 

သမ္မတဂျိုးဘိုင်ဒင်ဦးဆောင်သည့် အမေရိကန် အစိုးရက အမေရိကန်လုပ် M1 Abrams တင့်ကား အစီး ၃၀ကို ပေးပို့ရေး အစီအစဉ်ကို မကြာမီ ကြေညာတော့မည်ဖြစ်သလို ဂျာမန်အဓိပတအိုလက်ဖ်စခို့လ်ကလည်း ယူကရိန်းကတောင်းဆိုနေသည့် စစ်မြေပြင်တိုက်ခိုက်ရေး Leopard 2  တင့်ကား(၁၄)စီး ပေးပို့ရန် ဆုံးဖြတ် ထားပြီဟုသိရသည်။ 

ယခုကဲ့သို့ အမေရိကန် နှင့် ဂျာမနီတို့၏ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်က ဒေါသထွက်ခဲ့ပြီး " ဒါ နောက်ထပ် ရန်စတဲ့ လုပ်ရပ်ပဲ"ဟု ပြောကြားခဲ့သည်။ 

ယူကရိန်းအာဏာပိုင်များကမူ ယခုပေးပို့မှုကြောင့် ရုရှတို့တို့ တွန်းလှန်နေသည့် ယူကရိန်းတပ်များ အတွက် အားအင်တစ်ခုဖြစ်ပြီး ရုရှားတို့ သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများ ပြန်လည် ရယူရာတွင် များစွာ အထောက်အကူ ပြုနိုင်သည်ဟု ဆိုသည်။ 

အမေရိကန်သည် နည်းပညာအဆင့်မြင့် အေဘရမ်တင့်ကားများ အသုံးပြုရန်အတွက် လေ့ကျင့်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး သင်တန်းများ ပေးအပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ 

ဂျာမနီကတင့်ကားများပေးပို့ရန် ဆုံးဖြတ်လိုက်သော်လည်း ရုရှားနှင့် နေတိုး ထိပ်တိုက်တွေ့သည့် စစ်ပွဲတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေသည်။

အမည်မဖော်လိုသော သတင်းအရင်းအမြစ် တစ်ခုအရ အမေရိကန် အေဘရမ်တင့်ကားများကို လာမည့် ဗုဒ္ဓဟူးနေ့က စတင်ကာ ပို့ဆောင်တော့မည်ဟု ဆိုသည်။ အနည်းဆုံး တင့်ကား ၃၀  ပါဝင်မည်ဟုလည်း ဆိုသည်။ 

အမေရိကန် မီဒီယာများ အဆိုအရ မေရိကန်က M1 Abrams တင့်ကားများ ပေးပို့မှသာလျှင် ဂျာမနီကလည်း ၎င်းတို့ Leopard 2 တင့်ကားများ ပေးပို့သွားမည်ဟု ဆိုသည်။ 

ဗြိတိန်နိုင်ငံကမူ Challenger Two တင့်ကားများ ယူကရိန်းသို့ ပေးပို့ရေး အစောပိုင်းကတည်းက ကတိပြုထားပြီး ဖြစ်သည်။ 

ပိုလန်က ယူကရိန်းသို့ leopard 2 တင့်ကားများ ပေးပို့လိုသော်လည်း ဂျာမနီလုပ်တင့်ကားများ ဖြစ်သောကြောင့် ဂျာမနီ ခွင့်ပြုချက်ရမှသာ ပေးပို့မည်ဟု ဆိုသည်။ 


NN-27

Ref-  bbc 

ဆက်စပ် သတင်းများ