သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပါကစ္စတန် ဘတ်စ်ကားတစ်စီးချောက်ထဲထိုးကျမီးလောင်မှုဖြစ်ပွားပြီး ခရီးသည် (၄၁)ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.3k

ဇန်နဝါရီ ၂၉/၂၀၂၃

 

ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်၊ လက်စ်ဘီလာခရိုင်တွင် ဇန်ဝါရီ ၂၉  နံနက်ပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးကျပြီး မီးလောင်ခဲ့ရာ လိုက်ပါလာသော ခရီးသည် နည်းဆုံး(၄၁)  သေဆုံးသွားသည်ဟု ဒေသအုပ်ချူပ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။ 

 

လက်စ်ဘီလာခရိုင် လက်ထောက်အုပ်ချုပ်ရေးအရာရှိ ဟမ်ဇာ အန်ဂျမ် ပြောကြားချက် အရ ဘာလိုချီစတန်ပြည်နယ်မြို့တော် ကွက်တာမှကရာချိသို့ မောင်းနှင်လာသည့် ဘတ်စ်ကားပေါ်တွင် ခရီးသည်(၄၈)ဦးလိုက်ပါလာခဲ့သည်။ 

 

ဘတ်စ်ကားက အရှိန်တအားမြင့်ပြီး လက်စ်ဘီလာမြို့အနီး  ငယ်ကွေ့ ကွေ့လိုက်တုန်းမှာ တံတားတစ်စင်းရဲ့ ထောက်တိုင်တွေနဲ့ တိုက်မိပြီး ချောက်ထဲထိုးကျသွားတာပါ ထိုးကျပြီး မကြာခင်မှာပဲ ဘတ်စ်ကားက မီးလောင်သွားခဲ့တယ်ဟု မ်ဇာအန်ဂျမ်က ပြောကြားခဲ့သည်။ 

 

ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးကို ကယ်တင်နိုင်ခဲ့သော်လည်း  ကျန်ခရီးသည် အားလုံး  မီးလောင်သေဆုံးသွားရာ စုစုပေါင်း  ဦးအထိ ရှိနိုင်သည်ဟု သူက ဆိုသည်။ 

 

မီးလောင် ဘတ်စ်ကားအတွင်းမှ ဖော်ထုတ်ရရှိသော အလောင်းများမှာ မည်သူမည်ဝါမှန်း မသိနိုင်တော့ဘဲDNA စမ်းသပ်စစ်ဆေးကြည့်မှသာ ခွဲခြားသိနိုင်မည်ဟု ဆိုသည်။ 

 

ref: Daily Star. photo: Dawm 

ဆက်စပ် သတင်းများ