သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အရှေ့တောင်အာရှ၏လုံခြုံစိတ်ချရမှုအရှိဆုံးမြို့အဖြစ် ထိုင်းနိုင်ငံ"ဇင်းမယ်"မြို့ရွေးချယ်သတ်မှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ ဇန်နဝါရီ၃၀/၂၀၂၃ (နိုင်ငံတကာ)

 

အရှေ့တောင်အာရှ၏ ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့အဖြစ် ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်မြို့ သတ်မှတ် ရွေးချယ်ခံရကြောင်း သိရှိရသည်။ 

 

ဒုတိယ အလုံခြုံဆုံး ဖိလစ်ပိုင်နိုင်ငံ ဒါဗိုမြို့ နှင့် တတိယ အလုံခြုံဆုံး စင်္ကာပူတို့ကို ကျော်လွန်ပြီး ဇင်းမယ်မြို့က ရွေးချယ်ခံလိုက်ရခြင်းဖြစ်သည်။ စင်္ကာပူသည် ယခင်ကအရှေ့တောင်အာရှ အလုံခြုံဆုံးမြို့အဖြစ် အမြဲတမ်းရွေးချယ်ခံခဲ့ရသည်။ 

 

ကမ္ဘာ့မြို့ကြီးပေါင်း (၄၁၆)မြို့အနက် ဇင်းမယ်က (၃၂)မြို့မြောက် ကမ္ဘာပေါ်တွင် ဘေးကင်းလုံခြုံမှု အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံရကြောင်း Nation Thailand   သတင်းအရ သိရှိရသည်။

 

ယခု စစ်တမ်းကို ကမ္ဘာ့အကြီး လူနေမှုစရိတ် စာရင်းအင်း ဝက်ဘ်ဆိုက် ( Numbeo) က  ပြုစုခဲ့ခြင်း ဖြစ်သည် 

 

အရှေ့တောင်အာရှ၏ ဘေးကင်းလုံခြုံမှုအရှိဆုံးမြို့ အဖြစ် ဇင်းမယ်က ရမှတ် (၇၅.) မှတ်ဖြင့် ပထမ၊ ဖိလစ်ပိုင်နိုင်ငံ ဒါဗိုမြို့က (.)မှတ်ဖြင့် ဒုတိယ၊ စင်္ကာမြို့က (၇၀.) မှတ်ဖြင့် တတိယရရှိခဲ့သည်။ 

 

ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံးမြို့အဖြစ်ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က ရမှတ်(၈၈.)ဖြင့် ရွေးချယ်သတ်မှတ်ခံရပြီး ကာတာနိုင်ငံ ဒိုဟာ က (၈၅.)မှတ်ဖြင့် ဒုတိယ၊ ထိုင်ဝမ်မြို့တော် တိုင်ပေ က (၈၄.)မှတ်ဖြင့် တတိယ သတ်မှတ်ခံရသည်။ 

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရမှတ် (၅၉.)ဖြင့် ကမ္ဘာ့အဆင့် (၁၇၀ရရှိပြီး အရှေ့တောင်အာရှတွင် ဘေးကင်းလုံခြုံမှုအဆင့်() သတ်မှတ်ခံရသည်။ 

 

ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာ ဘူရာပါချိုင်စရီ က ဇင်းမယ်မြို့အား အရှေ့တောင်အာရှ၏ လုံခြုံမှု အရှိဆုံးမြို့အဖြစ် သတ်မှတ်ခံရသည့် အပေါ်  ထိုင်းဝန်ကြီးချုပ်က ကြိုဆိုလိုက်သည်။ 

 

ဝန်ကြီးချုပ် ရာယွတ် ချန်အိုချာက ပြည်သူတွေအကြား လုံခြုံစိတ်ချမှုရရှိအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ အေဂျင်စီအားလုံးကို ကျေးဇူးတင်တယ်ဟုဆိုသည်။ 

 

ဇင်းမယ် အောင်မြင်မှုသည် ရာဇဝတ်မှု ပပျောက်ရေး၊ ပြည်သူတို့ လူနေမှုဘဝ မြှင့်တင်ပေးရေးနှင့် နိုင်ငံခြားသာ ဧည့်သည်များအကြား ယုံကြည်မှု မြင့်မားလာရေး အစိုးရ ကြိုးပမ်းအားထုတ်မှု ရလဒ်များဖြစ်သည်ဟု အနူချာက ပြောကြားခဲ့သည်။ (NN-27)

 

source: Nation Thailand 

ဆက်စပ် သတင်းများ