သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

သေဒဏ်ကျခံနေရသော နောက်ဆုံးအသက်ရှင် ကျန်ရစ်နေသေးသည့် ခမာနီခေါင်းဆောင် ခီယူဆမ်ဖန်အား နိုင်ငံတော်အကျဉ်းထောင်သို့ပြောင်းရွှေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)


လူမျိုးတုန်း သတ်ဖြတ်မှုများဖြင့် သေဒဏ်ပြစ်ဒဏ် နှစ်ခု ချမှတ်ခံထားရသည့် ခမာနီခေါင်းဆောင် ခီယူဆမ်ဖန်အား ကမ္ဘောဒီးယား နိုင်ငံတော်အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားလိုက်ပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဥပဒေအကျိုးဆောင်များက ပြောကြားခဲ့သည်။

 

နောက်ဆုံးအသက်ရှင်ကျန်ရစ်နေဆဲ မာနီခေါင်းဆောင်ဟောင်း ခီယူဆမ်ဖန်အား လူမျိုးတုန်း သတ်ဖြတ်မှုများဖြင့် ၂၀၁၈ခုနှစ်က သေဒဏ်ပြစ်ဒဏ်နှစ်ခု ချမှတ်ခဲ့မှု အပေါ် အယူခံဝင်ခဲ့ရာ ပယ်ချခံရပြီးနောက်ယခုကဲ့သို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

 

အသက်(၉၁)နှစ်အရွယ် ရှိပြီဖြစ်သေ ခီယူဆမ်ဖန်သည် ရက်စက်ကြမ်းကြုတ်သည့် ခမာနီ အစိုးရခေါင်းဆောင်အဖြစ် ၁၉၇၀ပြည့်လွန်နှစ်များက ာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ လက်ထက်တွင် ကမ္ဘောဒီးယားလူဦးရေ လေးပုံတစ်ပုံခန့် အကြောင်းမျိုးမျိုးဖြင့် ညှဉ်းပမ်း နှိပ်စက်ခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်။

 

ခီယူဆမ်ဖန် နှင့် အကိုကြီး နံပါတ်-( Brother Number Two) ဟု ထင်ရှားသည့် နွန်ချေတို့အားလူသားမျိုးနွယ်တို့အပေါ်  ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုဖြင့် ၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂကြီးမှူးသည့် ကမ္ဘောဒီးယားတရားရုံးက သေဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ နွန်ချေမှာ ၂၀၁၉ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

 

ခီယူဆမ်ဖန် ကို ၂၀၀၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီး တရားရုံး၏ အထူးအဆေ က်အဦ တစ်ခုတွင်ထိန်းသိမ်းထားခဲ့သည်။

 

သူ ကျခံရမယ့် သေဒဏ်ပြစ်ဒဏ် နှစ်ခုအတွက် ခီယူဆမ်ဖန်ကို ကန်ဒယ် ပြည်နယ်အကျဉ်းထောင်ကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပို့ဆောင်လိုက်ပါပြီဟု ဥပဒေအကျိုးဆောင်များက ဆိုသည်။

 

အဆိုပါအကျဉ်းထောင်သည် ဖနွမ်ပင်မှ မိုင် ၂၀ ခန့် ဝေးကွာသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလက တရားရုံးသို့ နောက်ဆုံးရောက်ရှိလာစဉ် ခီယူဆမ်ဖန်မှာ အိုမင်းရင့်ရော်တုံချိနေပြီး လက်တွန်းကုလားထိုင်ပေါ်တွင်ထိုင်ကာ စီရင်ချက်များကို နားကြပ်ဖြင့် နားထောင်နေသည်ကို တွေ့မြင်ခဲ့ကြရသည်။

 

ခီယူဆမ်ဖန်လက်ထက် လူမျိုးတုန်းသတ်ဖြတ်မှုတွင် ဗီယက်နမ် မျိုးနွယ်စုများအား ခမာနီတို့၏ အတွင်းရန်သူ အဖြစ်သတ်မှတ်ကာ သုတ်သင်မှုလည်း ပါဝင်သည်။

 

ကမ္ဘောဒီးယား နှင့် နိုင်ငံတကာတရားသူကြီးများဖြင့် ဖွဲ့စည်းထားသည့် ပေါင်းစပ်တရားရုံးသည် ၁၉၇-၇၉ခုနှစ် အတွင်း ကွန်မြူနစ် ခမာနီအစိုးရက ပြည်သူနှစ်သန်းကျော်ကို အလုပ်စခန်းများသို့ အဓမ္မပို့ဆောင်ကာအစာရေစာ ငတ်မွတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု အမျိုးမျိုးနှင့် အဓမ္မလုပ်အား စေခိုင်းမှုများဖြင့် အသက်သေဆုံးစေခဲ့သည့် ပြစ်မှုများကို စစ်ဆေးစီရင်နေခဲ့သည်။

 

အကိုကြီး နံပါတ်- ( Brother Numbet One ) အဖြစ် ထင်ရှားသည့် ခမာနီခေါင်းဆောင် ပိုပေါ့ကိုမူ ရုံးတင်စစ်ဆေးနိုင်ခြင်း မရှိခဲ့ဘဲ  အဆိုပါတရားရုံးမဖွဲ့စည်းမီ ၁၉၉၈ ခုနှစ်ကပင် ကွယ်လွန်သွားခဲ့သည်။

NN27

Ref:cna

ဆက်စပ် သတင်းများ