သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တူရကီအရှေ့တောင်ပိုင်း ဆီးရီးယားနယ်စပ်အနီး အင်အားပြင်းထန်သော ငလျင်လှုပ်၊ အဆောက်အဦးများပြိုကျ၊ လူအသေအပျောက်များ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)

 

တူရကီနိုင်ငံအရှေ့တောင်ပိုင်း၊ ဆီးရီးယားနယ်စပ်အနီး ဂါဇီယန်တက်မြို့တွင် ယနေ့ ဖေဖော်ဝါရီ()ရက် ံနက်  နာရီက ပြင်းအား  ဒဿမ  မဂ္ဂနီကျု ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားရာ အဆောက်အဦျား ပြိုကျပြီး ကနဦးသတင်းအရ လူငါးဦးသေဆုံးသည်ဟု သိရသည်။

အဆောက်အဦးများတွင် ပိတ်မိနေသူများကြောင့် သေဆုံးသူ ပိုမိုများလာနိုင်သည်ဟု ဆိုသည်

 

ငလျင်သည် မြေအောက်အနက်(၁၁)မိုင်တွင် လှုပ်ခတ်ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကို မြို့တော်အန်ကာရာနှင့်တကွ အခြားမြို့ကြီးများနှင့် အနီးပတ်ဝန်းကျင်ဒေသများအထိ ခံစားရသည်။ 

 

အဆောက်အဦးများစွာ ပြိုကျပြီး အချို့ပိတ်မိနေသည်ဟု သတင်းရရှိသည်။ တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမွန်ဆွိုင်လူက ငလျင်သည် ဂါဇီယန်တက် နှင့် မြို့ကြီး (၁၀)မြို့ကို  ရိုက်ခတ်ခဲ့သည်ဟု ဆိုသည်။

 

ဂါဇီယန်တက်မြို့တွင် ရှော့ပင်းမောလ် တစ်ခု ပြိုကျသွားသည်ဟု ဘီဘီစီ၏ တူရကီ သတင်းထောက်က သတင်းပေးပို့သည်။ 

 

ငလျင်လှုတ်ခတ်မှုကို ဆီးရီးယား၊ လီဘာနွန် နှင့် ဆိုက်ပရပ်စ် နိုင်ငံများကပင် ခံစားရသည်ဟုဆိုသည် 

 

တူရကီ ငလျင်တိုင်းတာရေးပညာရှင်များက ငလျင်သည် ပြင်းအား . မဂ္ဂနီကျု ရှိမည်ဟု ဆိုသည်။ 

တူရကီနိုင်ငံသည် ကမ္ဘာပေါ်တွင် ငလျင်လှုတ်ခတ်မှုအများဆုံးဒေသတစ်ခုပေါ်တွင် ပါဝင်သည်။ 

 

၁၉၉၉ ခုနှစ်က နိုင်ငံ၏ အနောက်မြောက်ဘက်တွင် အင်အားပြင်းထန်သော လျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူပေါင်း(၁၇၀၀၀)ကျော် သေဆုံးခဲ့ရဖူးသည်။

NN-27

Ref: BBC World

ဆက်စပ် သတင်းများ