သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရာစုနှစ်အတွင်း အပြင်းထန်ဆုံး တူရကီမြေငလျင် သေဆုံးသူ ၄၃၀၀ ကျော်သွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

(ဆိုးရွားလွန်းသော ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေ)  

 

နိရဉ္စရာ၊ ဖေဖော်ဝါရီ /၂၀၂၃ (နိုင်ငံတကာ)

 

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းနယ်စပ်အနီး ဖေဖော်ဝါရီလ()ရက် တနင်္လာနေ့ မနက်စောစောပိုင်းက လှုပ်ခတ်သွားသည့် အလွန်အင်အား ပြင်းထန်သည့် ငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ (၄၃၀၀) ရှိသွားပြီဟု သိရသည်။ 

 

မဂ္ဂနီကျု ဒဿမ  ပြင်းအားရှိငလျင်သည် ဂါဇီယန်တက်မြို့အနီး မြေအောက် (၁၁)မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ရာလူနေထူထပ်သော အနီးတစ်ဝိုက် မြို့အများအပြားရှိ အဆောက်အဦများ အားလုံးနီးပါး ပြားပြားဝပ် ပြိုကျသွားခဲ့သည်။ 

 

လူအများအပြား အိပ်မောကျနေချိန် မနက် နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်ခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာပိုမို များပြားခဲ့ရခြင်း ဖြစ်ပြီး ရုန်းဖြင့် ရိုက်ကူးသော ဓါတ်ပုံများအရအချို့မြို့များတွင် လူနေတိုက်ခန်းအဆောက်အဦ အားလုံး မြေကြီးပေါ်  ပြိုကျနေသည်ကို မြင်တွေ့ကြရသသည်။  

 

တူရကီနိုင်ငံ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီက ထုတ်ပြန်သည့် စာရင်းအရ တူရကီ တစ်နိုင်တည်းတွင် သေဆုံးသူ ၂၉၀၀ ကျော်နှင့် ဒဏ်ရာရှိသူ ၁၅၀၀၀ကျော် ရှိပြီး ဆီးရီးယားနိုင်ငံဘက် အခြမ်းတွင် သေဆုံးသူပေါင်း ၁၄၀၀ ကျော် ရှိသည်ဟု သိရသည်။ 

 

ငလျင်လှုတ်ခတ်ခဲ့သည့် ဆီးရီးယားမြောက်ပိုင်းမှာ ဆယ်စုနှစ်တစ်ခုကြာ ပြည်တွင်းစစ်ဖြစ်ပွားနေသော နေရာဖြစ်ပြီး စစ်ဘေးဒုက္ခသည် ဒဿမ ၁သန်း နေထိုင်ရာဒေသဖြစ်သည်။

 

တနင်္လာနေ့က ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် မွန်းလွဲ နာရီခွဲ အချိန်၌ ပြင်းအား ၇ ဒဿမ ဂ္ဂနီကျုရှိ နောက်ထပ် ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြန်ရာ ထိခိုက်ပျက်စီးေဆုံးမှု ပိုမိုများပြားသွားခဲ့သည်။ 

 

ငလျင်လှုပ်ခတ်ချိန်တွင် ရာသီဥတုမှာ ရေခဲမှတ်အထိ အေးစက်နေပြီး မိုးများလည်း ရွာသွန်းလျှက်ရှိသည်။ ထို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းရှိသလို အသက်ဘေးမှ လွတ်မြောက်လာသည့် လူများမှာ အေးစက်သော ရာသီဥတုအောက်လမ်းမများပေါ် ဖြစ်သလို ခိုလှုံနေခဲ့ကြရသည်။

 

ပျက်စီးနေသော အဆောက်အဦးများ အောက်တွင် ပိတ်မိနေဆဲ လူအများအပြား ရှိနေဆဲဖြစ်သလို အချို့မှာမိသားစု တစ်စုလုံး ပျောက်ဆုံးလျှက်ရှိသည်။ 

 

တူရကီသမ္မတ အာဒိုဂန်က အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပပြီး ငလျင်ဒဏ် ကယ်ဆယ်ရေး အတွက် ကမ္ဘာ့နိုင်ငံများကို အကူအညီပေးရန် တောင်းခံခဲ့သည်။ 

 

အမေရိကန် နှင့် တောင်ကိုးရီးယား နိုင်ငံများက ဆေးဝါးအကူအညီနှင့် ကယ်ဆယ်ရေးအဖွဲများ စေလွှတ်လိုက်ပြီဟုသိရသည်။ 

 

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန အဆိုအရ၂၀၂၁ခုနှစ် ဩဂုတ်လက တောင်အတ္တလန္တိတ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ပြီးလျှင် ယခုငလျင်သည် ကမ္ဘာပေါ်တွင် အပြင်းထန်းဆုံး ငလျင်ဖြစ်သည်ဟု သိရသည်။ 

 

တူရကီနိုင်ငံသည် အမြဲလှုပ်ရှားနေသည့် ငလျင်ပြတ်ရွေ့ကျောပေါ် တွင် တည်ရှိနေပြီး ၁၉၉၉ခုနှစ်က မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၁၉၀၀၀ သေဆုံးခဲ့ရပြီး ဖြစ်သည်။ 

 

ယခု ငလျင် လှုပ်ခတ်သည့် ဂါဇီယန်တက်ဒေသမှာ တူရကီ-ဆီးရီးယား နယ်စပ်အနီး လူနေ ပိုမိုထူထပ်သည့်နေရာ ဖြစ်သောကြောင့် လူပေါင်း (၂၀၀၀၀ကျော်အထိ သေဆုံးနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းကြောင်း အေပီသတင်းအရ သိရှိရသည်။ 

 

NN-27

Ref:CNA  

ဆက်စပ် သတင်းများ