သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရုရှားသင်္ဘောများ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်းဝင်ရောက်ခြင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ ပိတ်ပင်တားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.1k

ဖေဖော်ဝါရီ ၁၄/၂၀၂၃

 

ရုရှားသင်္ဘော ၆၉စီး အား ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခြင်း ခွင့်မပြုရန် တားမြစ်ပိတ်ပင်သည့် အမိန့်တစ်ရပ်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပြန်လိုက်သည်။

 

အမေရိကန် နှင့် အီးယူတို့၏ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု နှင့်အညီ ဘင်္ဂလားဒေ့ရှ်ကလည်း ယခုကဲ့သို့ ပိတ်ပင်လိုက်ရခြင်းဖြစ်သည်။

 

ထို့ကြောင့် ရုရှားသင်္ဘောများအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ သွင်းကုန်ပစ္စည်းများ သယ်ဆောင်လာခြင်း၊ လောင်စာဆီဖြည့်ခြင်း၊ ကျောက်ချရပ်နားခြင်း နှင့် ရေကြောင်းလမ်း အသုံးပြုခြင်းများ ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အဆိုပါထုတ်ပြန်ချက်အား ဝန်ကြီးဌာနများ၊ အေဂျင်စီများ၊ ဆိပ်ကမ်း နှင့် သင်္ဘောလုပ်ငန်းများသို့ အသိပေးထားသည်။

 

အကျိုးဆက်အနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် ရုရှားကြား ကုန်သွယ်ရေး အခက်အခဲဖြစ်သွားပြီဟု ဆိုရမည်။

 

ဘင်္ဂလားဒေ့ရှ်သည် အလွန်တန်ဖိုးကြီးမားသည့် မီဂါပရောဂျက် တစ်ခုဖြစ်သော Rooppur နျုးကလီးယား ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ရုရှား၏ အကူအညီဖြင့် အကောင်အထည် ဖော်လျှက်ရှိသည်။

 

စီမံကိန်းအတွက် လိုအပ်သော အဓိကအစိတ်အပိုင်းများနှင့် စက်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်း နေရသည်။

မကြာသေးမီက ရုရှားမှ စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်းများ သယ်ဆောင်လာသည့် သင်္ဘောတစ်စီးသည် အမေရိကန်၏ သံတမန်ရေးအရ ဖိအားပေးမှုကြောင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဝင်ခွင့်မရဘဲ ပြန်လှည့်သွားခဲ့ရသည်။

 

သင်္ဘောသည် ပထမ အန္ဒိယဆိပ်ကမ်းတစ်ခုသို့ ဝင်ရောက်ပြီး ပစ္စည်းချရန်ကြိုးစားခဲ့သော်လည်း လုံးဝ ဝင်ခွင့်မရဘဲ ရုရှားသို့ ပြန်လှည့်သွားခဲ့ရခြင်းဖြစ်သည်။နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်းဆိုချက်အရ အမေရိကန်က ပိတ်ဆို့ထားတဲ့ ရုရှားသင်္ဘော ၆၉ စီးဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းတွေဆီ ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်လိုက်ရပါတယ်ဟု ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေကြောင်းဌာနမှ သင်္ဘောမှတ်ပုံတင် အရာရှိ ကပ္ပတိန် ဆက်ဘီယာ မာမွတ် က ပြောကြားခဲ့သည်။

 

တားမြစ်ခံရသည့် သင်္ဘောများတွင် ရေနံတင်သင်္ဘောကြီးများအပါအဝင် ကုမ္ပဏီ (၇)ခုမှ ကုန်တင်သင်္ဘောကြီးများ ပါဝင်သည်။ တားမြစ်ချက်အရ မည်သည့်နိုင်ငံမှ ကုန်ပစ္စည်းပင်ဖြစ်စေ ရုရှားအလံတင် သင်္ဘောဖြစ်လျှင် သွင်းကုန်တင်သွင်းခွင့် မရှိတော့ပေ။

 

ရုရှားအလံတင်သင်္ဘောတွေကို ပိတ်ဆို့အရေးယူထားတာ အမေရိကန် နဲ့ အီးယူ နိုင်ငံတွေပါဟု ဘင်္ဂလားဒေ့ရှ် ပင်လယ်ကူးသင်္ဘောပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ချောင်ဒူရီ ကပြောဆိုခဲ့သည်။

 

 ယခုကဲ့သို့ ပိတ်ဆို့အရေးယူရခြင်းမှာ လက်ရှိဖြစ်ပွါးနေသော ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကြောင့် ဖြစ်သည်။

 

အမေရိကန် နှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှုနှင့်အညီ ဘင်္ဂလားဒေ့ရှ်က  ိုက်ပါ ဆောင်ရွက်ရသော်လည်း ယခုပိတ်ဆို့မှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ကုန်သွယ်ရေးကို ကြီးကြီးမားမား ထိခိုက်နိုင်မည်မဟုတ်ဟု ဆိုသည်။

 

ရုရှားသည် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသည့် ထိပ်တန်း နိုင်ငံ(၂၀)စာရင်းတွင် မပါဝင်ပေ။

 

NN-27

Ref:bdnews24.com/ Bangladesh bars Russian ships from its maritime  territory after US section

ဆက်စပ် သတင်းများ