သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းဒုက္ခသည်လှေ နစ်မြုပ်အနည်းဆုံး (၇၃)ဦး ပျောက်ဆုံးနေ၊ သေဆုံးပြီဟု ကုလသမဂ္ဂကယူဆ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆/၂၀၂၃ (နိုင်ငံတကာ)

 

လစ်ဗျားနိုင်ငံ ကမ်းလွန်တွင် ဥရောပသို့ ပြောင်းရွှေ့ခိုလှုံရန် ထွက်ပြေးလာသူများ တင်ဆောင်လာသည့် လှေတစ်စီး နစ်မြုပ်သွားခဲ့ရာ နည်းဆုံး လူပေါင်း(၇၃)ဦး ပျောက်ဆုံးနေပြီး သေဆုံးသွားပြီဟု ယူဆရကြောင်း ကုလသမဂ္ဂက ပြောကြားသည်

 

ပြီးခဲ့သည့် အင်္ဂါနေ့က မြို့တော် ထရစ်ပိုလီ အရှေ့ဘက် ကာဆာ အယ်လ်အက်ခရာ အရပ်မှ လူပေါင်း(၈၀)တင်ဆောင်လျှက် ဥရောပသို့ ထွက်ခွါလာသော အဆိုပါလှေသည် လစ်ဗျားကမ်းလွန် မြေထဲပင်လယ်အရောက်တွင် နစ်မြုပ်သွားခဲ့သည်ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာအဖွဲ့(IOM)က ပြောကြားခဲ့သည်။ 

 

အနည်းဆုံး (၇၃)ဦး ပျောက်ဆုံးနေပြီး သေဆုံးပြီဟု ယူဆရကြောင်း၊ လစ်ဗျားကယ်ဆယ်ရေးအဖွဲ့ဝင်များကအလောင်း(၁၁)လောင်းကို ဆယ်ယူရရှိခဲ့ပြီး ကမ်းခြေသို့ ရေကူးရောက်ရှိလာသူ ()ဦးမှာ အခြေအနေဆိုးရွားနေပြီး ဆေးရုံတင်ထားရကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောကြားသည် 

 

စစ်ဘေးဒဏ်သင့် လစ်ဗျားသည် အာဖရိကမြောက်ပိုင်းမှ ဥရောပသို့ တရားမဝင်ရွှေ့ပြောင်းခိုလှုံရန် ကြိုးစားသူကြသူများ  အဓိက ထွက်ပေါက်တစ်ခု ဖြစ်သည်။ အနီးဆုံး အီတလီကမ်းခြေသို့ မိုင်(၁၈၀)သာ ကွာဝေးသော ပင်လယ်ဖြတ်လမ်းကို အသုံးပြုပြီး လှေဖြင့် ခိုးဝင်ကြရာ မကြာခဏဆိုသလို လှေတိမ်းမှောက်မှုများဖြစ်ပေါ်ပြီး အသက်ဆုံးရှုံးမှုများ ရှိနေခဲ့သည်။ 

 

ကာဆာအယ်လ် အခရာ ရှိ လစ်ဗျား လခြမ်းနီ အဖွဲ့က အလောင်း(၁၁)လောင်းကို ဆယ်ယူရရှိပြီး  သေဆုံးသူတို့ အလောင်းဓါတ်ပုံများကို ၎င်းတို့  ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ လှေနစ်မြုပ် တိမ်းမှောက်မှု နှင့်ပတ်သက်၍ လစ်ဗျားအာဏာပိုင်များက တစ်စုံတရာ ကြေညာချက် ထုတ်ပြန်ခြင်း မရှိပေ။ 

 

နိုင်ငံတကာ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ အဖွဲ့ ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း မြေထဲပင်လယ်ဖြတ်လမ်းပေါ်တွင် မတော်တဆ လှေနစ်မြုပ်မှုဖြစ်ပေါ်ပြီး သေဆုံးသူ ၁၃၀ ရှိပြီဟု သိရသည်။ ၂၀၂၂ ခုနှစ်အတွင်း ပျောက်ဆုံးသေဆုံးသူ (၁၄၅၀ဦး ရှိကာ ၂၀၁၄ ခုနှစ်မှ ယခုချိန်ထိ IOM  စာရင်းအရ လူပေါင်း (၁၇၀၀၀)ခန့်  ရေလမ်းခရီးတွင် အသက်ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ 

 

ပြီးခဲ့သည့် အင်္ဂါနေ့ကပင် ကယ်ဆယ်ရေးလှေ Ocean Viking သည် ရွှေ့ပြောင်းခိုလှုံသူ (၈၄)ဦးကို မတန်တဆသယ်ဆောင်လာသည့် လေသွင်းရာဘာလှေတစ်စီးပေါ်မှ ကယ်တင်ပေးခဲ့ရသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့ SOS Mediterranee က ပြောကြာသည်။

 

၎င်းတို့အနက် (၅၈)ဦးမှာ အုပ်ထိန်းသူမပါသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ ဖြစ်သည်ဟု ဆိုသည်။

NN- 27

Ref: AFP/ At least 73 migrants missing, presumed dead after shipwreck off Libya

 Photo by Africa News and The Korea Times

ဆက်စပ် သတင်းများ