သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း နယူးဇီလန်တွင် တိုက်ခတ်၊ လူပေါင်း ၅၀၀၀ ကျော် ပျောက်ဆုံးနေပြီး ၉ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.8k

ဖေဖော်ဝါရီ ၁၈/၂၀၂၃

ပြီးခဲ့သည့် တနင်္ဂနွေနေ့က နယူးဇီလန်မြောက်ပိုင်း နှင့် အရှေ့ပိုင်းဒေသများကို ဖြတ်သန်း တိုက်ခိုက်သွားခဲ့သော ဂါဘရီရယ်လ် မုန်တိုင်းကြောင့် သေဆုံးသူ ၉ ဦးအထိ ရှိလာပြီး တာဝန်ရှိသူများက အပျက်အစီးများဖယ်ရှား ရှင်းလင်းခြင်း နှင့် ပျောက်ဆုံးနေသူများအား ရှာဖွေခြင်းများ ဆက်လက်ပြုလုပ်လျှက် ရှိသည်။

အဓိက ပျက်စီးဆုံးရှုံးမှုအများဆုံး ဒေသမှာ ဟော့ကီးပင်လယ်အော်ဒေသ ဖြစ်ပြီး စနေနေ့အထိ သေဆုံးသူ (၉)ဦး ရှိလာပြီဟု ရဲများက ဆိုသည်။

အဓိက မုန်တိုင်းရိုက်ခတ်ခံရသော နေရာများသို့ အကူအညီအလျင်အမြန်ရောက်ရှိရေးကို ဦးစားပေး လုပ်ဆောင်နေပြီး ရိက္ခာ ၂၆ တန် တင်ဆောင်ထားသော ရေတပ်သင်္ဘောတစ်စီး ဟော့ကီးပင်လယ်အော်ဒေသ နေပီယာမြို့သို့ သွားရောက်နေသည်။

ရိက္ခာနှင့် ရေများ တင်ဆောင်ထားသည့် လေတပ် ရဟတ်ယာဉ်များကလည်း မုန်တိုင်းကြောင့် အဆက်အသွယ်ပြတ်နေသည့် မြောက်ဘက် ၆၅ မိုင်အကွာရှိ တူတီရာ သို့ ထွက်ခွါသွားသည်ဟု သိရသည်။

ဝန်ကြီးချုပ် ခရစ် ခရစ်ဟစ်ကင် က မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း နှင့် ကျွန်းမြောက်ဘက်တစ်လျှောက်လုံး နာရီမလပ် ကြိုးစားလုပ်ကိုင်ပေးနေသူများရှိနေသည်ဟု ပြောကြားသည်။

ဟစ်ကင် က ယခုတိုက်ခတ်သွားသော ဂါဘရီရယ်လ် မုန်တိုင်းသည် ရာစုနှစ်အတွင်း အပြင်းထန်ဆုံး နယူးဇီလန်ကို တိုက်ခတ်သွားသည့် မုန်တိုင်းဖြစ်ပြီး အဆက်အသွယ်ပြတ်တောက်နေသူများကို ဆက်လက်ရှာဖွေနေစဉ် သေဆုံးသူများ ထပ်မံတိုးပွားလာနိုင်သည်ဟု ဆိုသည်။

မုန်တိုင်းဝင်ရောက်ချိန်မှ စ၍ သောကြာနေ့ည အထိ မိသားစုများ၊ မိတ်ဆွေများနှင့် အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေသူ ၅၀၀၀ နီးပါးရှိနေပြီး ၈၈၅ ဦးသာ အဆက်အသွယ်ရသည်ဟု ဆိုသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်ထောင်စု ၆၂၀၀၀ လျှပ်စစ်ဓါတ်အားပြတ်တောက်နေပြီး ၎င်းတို့အနက် ၄၀၀၀၀ မှာ လူဦးရေ ၁၇၀၀၀၀ ရှိ ဟော်ကီးပင်လယ်အော်ဒေသတွင် ဖြစ်သည်။

လူဦးရေ ၂၀၀၀ နီးပါး ဟော်ကီး ဒေသ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြရပြီး လူပေါင်း ၁၀၀၀ အထိ အရေးပေါ်ကယ်ဆယ်ရေးလုပ်ဆောင်ရန် လိုအပ်နေသည်။

" ကျွန်တော်တို့ အလုပ်တွေ ဆက်မလုပ်နိုင်ဘဲ ဖြစ်နေတယ်။ အဓိက ကတော့ အလှမ်းဝေးပြီး အဆက်ပြတ်နေတဲ့ လူတွေအတွက် သောက်သုံးရေ ရရှိရေး နဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြန်လည် တပ်ဆင်နိုင်ရေးပဲ" ဖြစ်တယ်လို့ ဟော်ကီဘေး ဒေသမြောက်ပိုင်း၊ တိုင်ရောဟီတီ ဂစ်စ်ဘုန်းမှ အရပ်ဘက်ကာကွယ်ရေး ခေါင်းဆောင် ဘင် ဂရင်းက ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ