သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ် ရှင့်ကျန်းပြည်နယ် နှင့် တာဂျီကစ္စတန် နယ်စပ်တွင် ၇ ဒဿမ၃ မဂ္ဂနီကျုရှိ အင်အားပြင်းထန်သော ငလျင်တစ်ခုလှုပ်ခတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.5k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃ (နိုင်ငံတကာ)

 

ယနေ့ (ဖေဖော်ဝါရီ ၂၃နံနက် : နာရီအချိန်က တရုတ်နိုင်ငံ ရှင်းကျန်ပြည်နယ်နှင့် တာဂျီကစ္စတန် နယ်စပ်ဒေသအနီးတွင် အင်အား  ဒဿမ  မဂ္ဂနီကျုရှိ ပြင်းထန်သော လျင်တစ်ခု လှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ကြေညာသည်။ 

 

တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက အင်အား  ဒဿမ  မဂ္ဂနီကျုဟု ဖော်ပြထားသော်လည်း အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန ခန့်မှန်းချက်တွင်မူ မဂ္ဂနီကျု ဒဿမ  ဟု ဖော်ပြထားပြီး ငလျင်လှုတ်ခတ်ရာဒေသမှာ လူဦးရေကျဲပါးသည့်အတွက် ငလျင်ကြောင့် မြေပြိုခြင်းမှ အသက်ဆုံးရှုံးမှု နည်းနိုင်သည်ဟု ဆိုသည်။

 

ငလျင်ဗဟိုချက်မှာ အာဖဂန်နစ္စတန်  တရုတ်နိုင်ငံ တို့နှင့် နယ်မြေချင်း ထိစပ်နေသော ဂေါ်ဒိုဘာဒက်ခ်ရှန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်။ ငလျင်ကြီးလှုပ်ပြီး မိနစ် ၂၀ အကြာတွင် အင်အား ဒဿမ  ရှိနောက်ဆက်တွဲ ငလျင်တစ်ခု ပ်မံ လှုပ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

 

လူဦးရေ အလွန်ကျဲပါးသော အဆိုပါဒေသမှာ မြင့်မားသော ပါးမီးယားတောင်တန်းများ ပတ်လည် ဝန်းရံနေပြီး နာမည်ကျော်ဆာရက်ရေကန်ရှိရာ ဒေသဖြစ်သည်။

 

ဆာရက်ရေကန်မှာ ၁၉၁၁ခုနှစ် ငလျင်ကြောင့်အလွန်ကြည်လင်သော ရေရှိသည့် တာဂျီကစ္စတန်၏ အကြီးမားဆုံးရေကန်တစ်ခု ဖြစ်သည်။ 

 

အခြားသော အလယ်အာရှနိုင်ငံများနည်းတူ တာဂျီကစ္စတန်မှာ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်ထူပြောသည့် သမိုင်းကြောင်းရှိသော နိုင်ငံဖြစ်သည်။ 

 

NN-27

Ref:AFP

ဆက်စပ် သတင်းများ