သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပါကစ္စတန် အသေခံ ဗုံးပေါက်ကွဲမှု လုံခြုံရေးအရာရှိ ကိုးဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 9.4k

နိရဉ္စရာ၊မတ် /၂၀၂၃(နိုင်ငံတကာ)

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်တွင် ရဲအရာရှိများ လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရရာ ရဲအရာရှိ ()ဦး သေဆုံးသွားပြီး (၁၃)ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ 

 

ပြည်နယ်မြို့တော် ကွက်တာတွင် ကျင်းပသည့် Sibi ယဉ်ကျေးမှုပွဲတော်သို့ တက်ရောက်ပြီး ပြန်လာသော မော်တော် ယာဉ်အား ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

 သက်သေအထောက်အထားများ အရ အသေခံဗုံးခွဲတိုက်ခိုက်မှုဟု ယူဆရသည်။ 

 

ရိုက်တာသတင်းဌာနက ဖော်ပြသော သတင်းတွင် မော်တော်ဆိုင်ကယ်တစ်စီးသည် ကားရှေ့ တည့်တည့်သို့ ဝင်ရောက်လာပြီး အသေခံ ဗုံးခွဲခဲ့သည်ဟုဆို၏။ 

 

ထွက်ပေါ်လာသော ဓါတ်ပုံများတွင် ဗုံးခွဲခံရပြီး ပက်လက်လန်ကာ ကြေမွနေသော မော်တော်ယာဉ်တစ်စီးနှင့် သွေးစွန်းနေသော လမ်းမကို မြင်တွေ့ကြရသည်။ 

 

မည်သည့်အဖွဲ့အစည်းလက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို့ခြင်း မရှိသေးပေ။

 

ဘလိုချီစတန်အစိုးရက ဗုံးပေါက်ကွဲမှုကို ပြစ်တင်ရှုတ်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

 

ဗုံးပေါက်ကွဲခဲ့သည့် နေရာကို အသွားအလာ ကန့်သတ်ထားလိုက်ပြီး ဗုံးရှာဖွေရေးအဖွဲ့ သက်သေ ထောက်အထားများ ရှာဖွေလျှက်ရှိသည်။

 

ဘလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ် အဗ္ဗဒူ အော့ဒပ်စ် ဘိုင်ဇန်ဂျိုက " ငြိမ်းချမ်းရေးကိုဆန့်ကျင်တဲ့ အခုလို လုပ်ကြံမှုမျိုးနဲ့ ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှု မရနိုင်ပါဘူး"ဟု ပြောကြားခဲ့သည် 

 

NN-27

Ref:  BBC world

ဆက်စပ် သတင်းများ